0

မမုန်းမေ့နိုင်ပါ.....

Published at 12:05 AM in


သဘာဝမဆန်တဲ့ အေးဆက်ဆက်ပတ်ဝန်းကျင်ကြောင့်
လျှောက်လှမ်းခဲ့ဖူးတဲ့ ဆောင်းမနက်ခင်းတွေကို
အခြေအနေပေးရင် သိပ်လွမ်းပါတယ်
ဆိုတဲ့အကြောင်း ပြောချင်ပါသည်။

တကယ်တမ်းဆို .ငါ တို့။ .............။
ဘာကြောင့် ခွဲခွာခဲ့မိလဲ
ဘာလို့ ဝေးကွာခဲ့ကြလဲ
မိဘဆွေမျိုးတွေ ကြောင့်လား...........မဟုတ်ပါ
ငွေကြေးနဲ့ စည်းစိမ် ကြောင့်လား.........ဒါလည်း မဟုတ်ပါ
ဘယ်လိုမှစဉ်းစားလို့မရပေမယ့်
အဆုံးအစမဲ့ မြောလွင့်ချင်မိလို့
ဖြစ်သမျှကို ငါ ဖန်တီး
စွန့်ခွါမိသူ ငါ့ မှာသာအပြစ်ရှိ၏၊.။

တကယ်တမ်း ကြတော့
ဘယ်လောက်ဝေးဝေး
မကြောင့်မကျ ဘယ်သူခင်ခင်
တမင်တကာ အကြင်နာတွေလာ ဖိတ်စေဦးတော့
အရင်ခါ ငါ အိပ်စက်ဖူးတဲ့ မင်း ရင်ခွင်
အဆင်တန်ဆာ မဲ့နေပေမယ့်
ငယ် သံယောဇဉ်အားကြောင့်
မမုန်း မေ့နိုင်ပါ။

ဒီတခေါက်ပြန်တွေ့ရင်ဖြင့်
ကြိုလင့်နေပါ့မလား
အရောက်ပြန်ခဲ့မယ့် ငါ့ ကတိ
ပေတရာမကူး ရေမရူးပဲ
ဝေဟင်မှာစီးမြော ရောက်လိုဇောနဲ့
ပြန်လာခဲ့မယ်မည် ရန်ကုန် ဆီ...........

(ရန်ကုန်ကို လွမ်းလို့)


D33P CoR|\|3R

Spread The Love, Share Our Article

Related Posts

Post Details

No Response to "မမုန်းမေ့နိုင်ပါ....."

Post a Comment

ပြောသွားကြတယ်....