0

ထုတ်ဖေါ်ခွင့်မရှိသော သက်သေခံများ

Published at 6:43 PM in


Beginner တွေက
ကံကောင်းတယ်လို့ ဘယ်သူပြောတာလဲ
တာထွက်မှာကတည်းက
အလဲ ထိုးခံလိုက်ရတဲ့
ငါ့ နှလုံးသား
မသေခင်က နွမ်း
သေသော်လည်း လွမ်းခဲ့ရတယ်။

သေခါနီး ထွက်ဆိုချက်က
သက်သေခံဝင်တယ် တဲ့
ငါ... ဘယ်သူကိုတိုင်တန်းရမလဲ
ငါ တို့ .......
အတူသွားခဲ့တဲ့ နေရာတွေ အကြောင်း
အတူကြည့်ခဲ့တဲ့ ရုပ်ရှင်တွေ အကြောင်း
အတူရိုက်ခဲ့တဲ့ ဓါတ်ပုံတွေ အကြောင်း
ကြယ်တွေ ရူးသွပ်သွားကြတဲ့ ညတွေ အကြောင်း
မင်း ငါ့ကို ဘယ်လိုသက်ခဲ့တယ် ဆိုတဲ့ အကြောင်း
ဒါတွေ အားလုံးကို
ငါ တပါတည်း နှုတ်ဆိတ်ပြီးယူသွားတယ်
အဲ ..မင်း အားမယ်ဆိုရင်တော့
ခဏဖြစ်ဖြစ် လှည့်ဝင်ခဲ့ပါကွာ
မနက်ဖြန် ငါ့ နှလုံးသား
နှစ်ပတ်လည် ဈာပန ရှိတယ်လေ၊။

0

ဟာသ အတိုများ..(၁၁)

Published at 5:36 PM in


မယားဓါတ်ပုံ

မယား - ရှင် ကျွန်မဓါတ်ပုံ ကို နေ.တိုင်း ရုံးတက်တဲ.အိတ်ထဲထည်.ထည်.ထားတယ်။ ဘာလို.လဲ။
လင် - သြော် ဘယ်လောက် ကြီးမားတဲ. အခက်ခဲ ကြုံရ ပါစေ မင်းဓါတ်ပုံကိုကြည်.လိုက်တာနဲ. အားလုံးကို ကျော်လွားနိုင်ခဲ.တယ်။
မယား - ကြည်.စမ်း၊ ကျွန်မ ဟာ ရှင်.အတွက် ဘယ်လောက်တောင် တန်ဖိုးရှိသလဲ နော်။
လင် - ဟုတ်ပါ.၊ မင်းဓါတ်ပုံကို ကြည်.ပြီး ငါ.ကိုယ်ငါ ပြန်မေးကြည်.တယ်
"ဒီထက်ဆိုးတဲ. အခက်အခဲ ဘာရှိနိုင်ဦးမှာလဲ" လို.



ယောင်္ကျားရေ မိန်းမခေါင်းကိုက်လိုက်တာ

ရဲ ၀န်ထမ်း တယောက် သည် တပတ်လုံး ညဆိုင်း တာဝန်ကျ နေရာ က တရက်မှာ သူအလုပ်စော ပြီး တာနဲ. အိမ်ကို စောစောပြန်လာ ပါတယ်။ မနက် ၂ နာရီခါတိုင်းထက် ၄နာရီ စောပြီး ပြန်လာပါတယ်။
ရဲဝန်ထမ်း ဟာ သူ.မိန်းမ အိပ်နေတာ အိပ်ရေးပျက်မှာ ဆိုးသည်နှင်.မီးမဖွင်.အမှောင်ထဲမှာ တင် ယူနီဖောင်း အင်္ကျီ ကို ချွတ်ချလိုက်ပြီး
ကိုယ်လုံး ဗလာဖြင်. ခုတင်ပေါ် တက်လိုက်ပါတယ်။ဒီအခါမှာ သူ.မိန်းမ က ကယောင်းကတန်းနှင်.


မိန်းမ - "ယောင်္ကျား ရေ ဒီမှာ ခေါင်းကိုက်လိုသေတော.မယ် ။ ဟို ၂၄ နာရီဆေးဆိုင်က ခေါင်းကိုက်ပျောက်ဆေးလေး သွားဝယ်ပေးပါလား ဟင်"
ရဲဝန်ထမ်း - "၀ယ်ပေးရမှာပေါ. မိန်းမရယ်၊ ခဏလေးစောင်.နော်"
လို. ဆိုပြီး ကမန်းကတန်း အင်္ကျီ ကောက်ဝတ်ပြီး ဆေးဆိုင်ကိုသွားပါတော.တယ်။ ဆေးဆိုင်ရောက်တော. အရောင်းဝန်ထမ်းက အံ.သြပြီး
အရောင်းဝန်ထမ်း - "ခင်ဗျား က ဟိုဘက်မြို.နယ် က ရဲမဟုတ်လား"
ရဲဝန်ထမ်း - "ဟုတ်တယ်လေ ဘာလို.လဲ"
အရောင်းဝန်ထမ်း - "ဒါဆို ခင်ဗျား ဘာလို. မီးသတ်သမား ၀တ်စုံကြီး ၀တ်ထားရတာလဲ"
ရဲဝန်ထမ်း - "ဟေ"


အမလေး ရှင်မပြန်သေးဘူးလား?

အိမ်ထောင်ရှိသူ အမျိုးသားတစ်ယောက် က သူ.ရဲ. small လေး ဆီကို
အလည်သွားပါတယ်။ သူ.ရဲ. small လေးကလဲ သူ.ကိုတွေ.တိုင်း

Small လေး - "ရှင်.ရဲ. ပသိုင်းမွေး တွေ ကို ရိတ်လိုက်ပါလား ရှင်။ ဒါမှ
ရှင်ရဲ. အင်မတန် ခန်.ညားတဲ. ရုပ်ကို ကျွန်မ ကောင်းကောင်းကြီး ခံစားလို.ရမှာ"
အမျိုးသား - "ငါ.အိမ်က အဖွားကြီးက အဲ.ဒီ အမွေးကို ကြိုက်တယ်ဟ။ ငါ.သာ
အဲ.ဒီ ပသိုင်းမွေး ကို ရိတ်လိုက် ရင် ငါကို သတ်မှာ။ ဒါဆို ချစ်လေးနဲ.
ဝေးပြီ။"
Small လေး - "တိုတို ကလဲ ရိတ်လိုက်ပါ ချို အဟွန်.အဟွန်."

Small လေး ရဲ. အချွဲကောင်းမူကြောင်. ထိုအမျိုးသားလဲ သူ.ရဲ. ပသိုင်းမွေး
ကို ရိတ်လိုက်ပါတယ်။
အဲဒီည မှာ ပဲ သူက ကျောပေးပြီး အိပ်နေသော သူ.မယားကြီး ခုတင်ပေါ်ကို
တိတ်တိတ်လေး တက်ပြီး လဲလိုက်စဉ်။ မယားကြီး က ရုတ်တရက် နိုးလာပြီး
လှည်.မကြည်.ပဲ သူ. ရဲ. မျက်နှာ ကို ပွတ်သတ်အာရုံခံလိုက်ခါ "အမလေး

ရှင်မပြန်သေးဘူးလား။ ခဏ နေရင် အိမ်က နွားကြီး ပြန်လာတော.မှာနော်"

နောင်တ

ညတစ်ည သန်းခေင်ယံအချိန်တွင် ဇနီးဖြစ်သူတစ်ရေးနိုးလာ၍ ယောက်ျားဖြစ်သူကို ရှာရာ မီးဖိုချောင်ထဲ၌ ရှိက်ကြီးတငင် ငိုကြွေးနေသည်ကို တွေ့ လိုက်၇လေသည်။

ဇနီး ။ မောင်…ဘာဖြစ်လို့ ငိုနေတာလဲ
ကျား ။ တို့ တတွေ သမီးရည်းစားဘ၀ချိန်းတွေ တုန်းက မင်းအဖေကြီးနဲ့ မိသွားတော့ မင်းအဖေကြီးပြောတဲ့ စကားကို မင်းမှတ်မိသေးရဲ့ လား…။ မင်း ငါ့သမီးကို အတည်ယူမှာလား… မယူရင်တော့ ထောင်ထဲမှာ အနှစ်နှစ်ဆယ် သွားနေပေတော့ ဆိုတာလေ ..
ဇနီး ။ မှတ်မိသားဘဲ …အဲဒါဘာဖြစ်လို့ လဲ
ကျား ။ အေး….အဲဒီတုန်းက ထောင်သာကျခဲ့ ရင် ဒီနေ့ လွတ်ပြီ ..အီး ဟီးဟီးဟီး …ရွှတ်..

ဒါပေမယ့်

"သမီး အဲလိဇဘတ်…မနေ့ ကမင်း ဖေဖေ ပြန်လာတော့ မူးနေသေးလား"။

" မူးတော့ မူးမယ်မထင်ဘူး မေမေ ။ဒါပေမယ့် သူဘယ်သူလဲဆိုတာကို သိချင်တယ်ဆိုပြီးတော့ မှန်တော့ ယူခိုင်းတယ်"။


ကယ်တင်ရှင်

ဇိမ်ခံ သဘော်ပေါ်တွင်လိုက်ပါလာသော အပျိုချောတစ်ဦး၏ နေ့စဉ်မှတ်တမ်းတွင်အောက်ပါအတိုင်းရေးထားသည်

ပထမနေ့…အပျံစားသဘော်ဖြစ်သည်။

သဘော်ပေါ်ရှိယောက်ျားများတွင်
captain သည် အချောဆုံး အခန့်ဆုံး ဖြစ်သည်

ဒုတိယနေ့…ထမင်းစားခန်းတွင် captain နှင့်တစ်စားပွဲတည်း ကျသည်။

တတိယနေ့…သဘော်ကို captain က လိုက်ပြသည်။ထို့နောက် ချစ်ရေးဆိုသည်။

စတုတ္ထနေ့….ယနေ့ည သူ၏အခန်းသို့မလာပါက သဘော်ကို မှောက်ပစ်မည်ပာု ခြိမ်းခြောက်သည်။

ပဉ္စမနေ့… မနေ့က ညက ခရီးသည် 380 နှင့် သဘော်သား 120 တို့၏ အသက်ကို ကယ်တင်လိုက်သည်။

ပြေးကြည့်ဦး

"မေမေ.ပာိုမှာကြည့်ဦး သူခိုးကို
လူအုပ်က လိုက်ဖမ်းနေတယ်"
"ပာယ်. ပာုတ်လား၊မြန်မြန်သွားကြည့်စမ်း
နင့်အဖေများ ဖြစ်နေသလားလို့"

မင်းကြောင့်

လင်မယားများ သစ္စာဖောက်မှု အကြောင်းကို ခေါင်းစဉ်တပ်ကာသဘော်သားများအား ပောာပြောပွဲလုပ်သည်
လင်မယားအချင်းချင်း သစ္စာဖောက်ခြင်းသည် မဆန်းတော့ကြောင်းရာခိုင်နှုန်းအရ မင်းသား မင်းသမီးများသည် သစ္စာအမဲ့ဆုံး ဖြစ်ကြောင်း
အားကစားသမားများက ဒုတိယနေရာမှာ ရှိနေပြီး သဘော်သားများက တတိယနေရာရောက်နေပြီဖြစ်ကြောင်း ပို့ချသူက ရှင်းပြသ

ထိုအခါ သဘော်သားတစ်ယောက်က"ကျွန်တော် သဘော်လိုက်နေတာ နှစ် 20 ရှိနေပြီ အိမ်ကမိန်းမကို တစ်ခါမှသစ္စာမဖောက်ဖူးဘူး"

ထိုအခါ ဘေးမှသဘော်သားများက" မင်းလို ကောင်မျိုးကြောင့်ငါတို့တွေ တတိယနေရာရောက်နေတာပေါ့ကွ"
ပာု မကျေမနပ်ပြန်ပြောကြလေသည်…

မင်းသိမှာပေါ့

A:"ပော့ ဂျွန်. မင်း ဘုရားသခင်ကိုသိလား"
B:"ပာင်အင်း မသိဘူး"
A:"အဲ့ဒါပြောတာပေါ့ မင်းသာ သောကြာနဲ့ စနေညတိုင်းဖွင့်တဲ့ ဘာသာရေးသင်တန်းကို လာရင်သူ့ကို သိမှာပေါ့"

B:"မင်းကရော ကာရိုးလ်ကိုသိလို့လား"
A:"ပာင်အင်း မသိဘူး"
B:"အဲ့ဒါပြောတာပေါ့ မင်းသာ သောကြာနဲ့ စနေညတိုင်းဖွင့်တဲ့ ဘာသာရေးသင်တန်းကို မလာရင် မင်းမိန်းမဆီကို လာနေတဲ့ ကာရိုးလ် ကိုသိမှာပေါ့"



1

ပြန်မပေးဘူး

Published at 8:11 PM in

ဘယ်လိုဖြစ်ရဘာလဲ ?
မင်း အပြုံးတွေ ကြောင့်
အိမ်မက်တွေ လန်းခဲ့ရတယ်...
မင်း ပေးခဲ့တဲ့ အလင်း
အများအမြင်မှာ မှိန်ချင်မှိန်မယ်
ငါ့ အတွက်တော့
အမှောင်ကို ရင်ဆိုင်ဖို့
လုံလောက်ပါတယ်။
ဒါပေမယ့်
မင်းပျိုးပေးခဲ့တဲ့ ငါ့ ဥယာဉ်ကို
ဘယ်ချိန်မှာ ရိတ်မယ်ဆိုပြီး
အစကတည်းက သက်မှတ်ခဲ့တာလား။
မနေ့ တနေ့ ကမှ
"ချစ်ပါတယ်" ပြောခဲ့တဲ့ မင်း
ငယ်ငယ်က ကလေးတွေလို
စကားများ ရန်ဖြစ်တော့မှ
ငါ မုန့်ပြန်ပေးဆိုပြီး လုပ်လို့မရဘူးလေ
အဲဒါ "မုန့်" မှ မဟုတ်ပဲ ဟာ.................

0

တချို့ ရဲ့ အဆုံးသက်

Published at 6:56 PM in


ရပ်တည်နေတဲ့ ဒီကမ်းပါးမှာ
ခြောက်ကပ်ကပ် မျက်ရည်တွေနဲ့
လူမသိ သူမသိ
တဖြေးဖြေး ပြိုဆင်းရတော့မယ်။
ရမ္မက်လှိုင်းတွေ ကြားက
နောင်တတွေကို ပွေ့ပိုက်
တွေတွေကြီး မှေးစက်နေပေမယ့်
အရမ်းမောဟိုက်နေတယ်။
နှတ်ဆက်အပြုံး တစ်ခု
ခပ်နွေးနွေး အတွေ့
အိမ်မြှောင်တစ်ကောင် ရဲ့ အော်သံ
နှတ်ခမ်းပေါ်က ရေတစ်စက်
တဘ၀စာ သိက္ခာတွေနဲ့ ရင်းပြီး
ဒါတွေပဲ နောက်ဆုံးအနေနဲ့ ရလိုက်တယ်။

0

ပြန်လမ်းမရှိ တိုက်ပွဲ့

Published at 2:52 AM in

အပြုံးတစ်ခုအတွက် တန်းစီရမယ်
အပိုဆုပါတော့ ကြိတ်ကြိတ်တိုးပေါ့
ဇွဲမရှိဘူးပဲ ပြောပြော
ဝင်ကြေးတောင် မတက်နိုင်တော့လို့
အပြင်ကနေပဲ အားပေးတော့မယ်။

အစကတော့
ဖေါင်ဖြတ်ပြီးတိုက်ပွဲ ၀င်ခဲ့ကြတာ
တော်သေးတယ် ရေကူးကျွမ်းလို့
တိုက်ပွဲ ၀င်ခဲ့ဖူးတဲ့ ငါ့လက်နဲ့ ငါ
ပန်းတခင်းတော့ ပျိုးထားလိုက်တယ်...
အောင်ပွဲရလို့ ပြန်လာသူကို ပန်းတစ်ပွေ့ နဲ့ ကြိုလိုက်ချင်လို့။

0

ရူးသွပ်စေခဲ့သော လေညှင်း...!

Published at 1:31 AM in

"ရူးသွပ်စေခဲ့သော လေညှင်း...!"

တချိန်က တောင်းတခဲ့တဲ့ လေညှင်းရေ...!
အရာရာ ဆိတ်သုန်း
ငါ့စိတ်တွေ ဘုန်းဘုန်းလဲတဲ့ နေ့ကို
မင်း စောင့်နေတာလား။

သစ္စာတော် ခြေရင်း
ပြားပြားဝပ် ခစားစဉ်က
နှလုံးသား အဆို့ရှင်လေးကျပျောက်ခဲ့လို့
ကြုံတုန်းကြုံခိုက် ဆိုပြီး
ဟော ဟိုက တောင်အစွန်းမှာ
ငါ့ နှလုံးသွေးတွေကို
သမုဒ္ဒရာမက သွန်ချခဲ့ဖူးတယ်။

ခု... မင်းမရှိတော့တဲ့ အခါ
ငါ့ ဘ၀ နဲ့ ရင်းပြီး
ခရောင်းလမ်းမှာ ကျဲထားတဲ့ပန်းတွေကို
ဘယ်သူ ပြန်ကောက်ပေးမှာလဲ...?
တခါတလေ ဟ ဟ လာတဲ့
ငါ့ ရင်ဘက်က ကွဲအပ်ကြောင်းရာတွေကိုရော

ဘယ်သူ ဖာထေးပေးမှာလဲ...?

မသိတဲ့ လူတွေကတော့
ကင်ပွန်းတက်ကြတယ် "အရူး" တဲ့
ယဉ်ပါးနေတဲ့ ဒီနာမည်အတွက်
ငါ အမြတ် တစ်ခုရလိုက်တာက
မင်း ရဲ့ သတင်း
ပန်းရနံ့သင်းတဲ့ လေညှင်းလေးက
တောင်ဝင်ရိုးစွန်းဘက် သွားတယ်တဲ့လေ
ကောင်းပြီ မင်း ပြန်လာမယ့်နေ့
ပထမဆုံး နဲ့ အရင်းဆုံး နမ်းရှိုက်ခွင့်ရဖို့
Cape of Good Hope က
မီးလင်းပြတိုက်မှာ
အသွေးအသားတို့ကို လောင်မြိုက်စေလျက်
ငါ့ဝိညာဉ်ရဲ့ လင်းပြပြ
မင်း........... မြင်ရစေလိမ္မယ်...။








0

တချိန်ကဆိုပေမယ့်......

Published at 11:50 PM in

"တချိန်ကဆိုပေမယ့်......"

တိမ်ညွန့်တွေကို လိုချင်လို့
လက်တကမ်းစာ သစ်ပင်ဖျားပေါ်တက်ရင်း
ရေရှာနေတဲ့ ငါးလေးတစ်ကောင်ကောက်ရခဲ့တယ်။

မနက်ဖြန်ဆိုတာ
လင်းလား မှောင်လား မသိခင်ကတည်းက
မျက်စိမှိတ်ပြီး လမ်းလျှောက်ကျင့်ခဲ့သလို
အနာဂတ်ဆိုတာ တောက်ပနေတာလား
ဒါမှမဟုတ် လောင်မြိုက်နေတာလား
ငါ မသိချင်ဘူး...။

ပေါင်မုန့်တလုံး ကိုက်ရင်း
မဲ့ပြုံးပြုံးလေးနဲ့
ပစ္စုပ္ပန်တည့်တည့်မှာ
ကျောက်ဆူးချပြီး ထိုင်နေတုန်း
April နွေနေ့လယ်ခင်းမှာ
ကြယ်တွေ တဖွဲတဖွဲကြွေတယ်...။

တွေ့လိုက်တဲ့ ..ငါ ကရော
ငိုရမှာလား ....ပျော်ရမှာလား...။

ထားလိုက်ပါတော့ လေ
မညစ်ခဏ ညစ်ခဏနဲ့
အကြိမ်ကြိမ် အခါခါ
အသစ်က ပြန်စလို့ရရင်တောင်
ငါ့ကို နည်းနည်းလေးတော့ ခိုးကြည့်ခွင့်ပေးကွာ...။







0

ခွေးတွေဆီက အတုခိုးစရာများ.

Published at 8:08 PM in

ခွေးတွေဆီက အတုခိုးစရာများ..


  • ဘာရယ်မဟုတ်ဘဲ လမ်းသလားနိုင်တဲ့ အခွင့်အရေးကို ဘယ်တော့မှ လက်လွတ်မခံပါနဲ့..။

  • ချစ်ခင်သူတွေ အိမ်ပြန်လာတဲ့အခါတိုင်း အတင်းပြေးပြီး နှုတ်ဆက်စမ်းလိုက်ပါ..။

  • ကိုယ့်အတွက်သိပ်တန်းဖိုးရှိမယိုတာကို သိလိုက်တာနဲ့ တပြိုင်နက် စိတ်ရှည်လက်ရှည် စောင့်
    ဆိုင်းတတ်အောင် လေ့ကျင့်ထားပါ..။

  • ကိုယ့်စည်းကို တစ်ယောက်ယောက်က ကျော်လာပြီဆိုတာနဲ့ ကျော်နေတဲ့ အကြောင်းကို အသိပေးလိုက်ပါ..။

  • ပြေးပါ ၊ ခုန်ပါ ၊ နေ့တိုင်းကစားပါ...၊

  • စားတဲ့အခါ အားရပါးရ နဲ့ မြိန်ရည်ယှက်ရည် စားလိုက်စမ်းပါ..။

  • သစ္စာတရားအပေါ် သစ္စာရှိပါ..။

  • ဟန်မဆောင်ပါနဲ့...။

  • ကိုယ်လိုချင်တာ မြှုပ်ထားမှန်းသိရင် ဘယ်လောက်နက်နက် ယက်ပြီးဖော်ပါ..။

  • တစ်ယောက်ယောက် စိတ်မချမ်းမသာဖြစ်နေရင် တိတ်တိတ်လေးနေ ၊

    အနားမှာထိုင်လို့ ညင်ညင်သာသာလေး ထွေးပွေ့ပေးပါ..။

  • တစ်ချက်လောက်ဟောင် ရုံနဲ့ ပြီးမယ်ဆိုရင် ကိုက်မနေပါနဲ့တော့...။

  • ဘယ်လောက်ပဲ ခဏခဏ အဝေဖန်ခဲနေရ ၊ အပြစ်တင်ခံနေရ ခံရ ၊ ကိုယ့်ကိုယ်ကို
    အပြစ်ရှိတယ်လို့ တစ်စက်လေးမှ မခံစားပါနဲ့..။ မျက်နှာ မပျက်ပါစေနဲ့..။
    အဲဒီလို အချိန်မှာ လာလမ်းအတိုင်း အမြန်ဆုံးလှည့်ပြေးပြီး မိတ်ဆွေသစ်တွေ
    ရှာလိုက်ရုံပါပဲ...။

အလွမ်းဖွဲ့ဝေဒနာ

Published at 8:54 AM in



နက္ခတ်တွေမှားတဲ့ညက
ဆွံ့အစွာဖြတ်လျှောက်သွားတဲ့
လေပြေလေး....................
သံယောဇဉ် အပိုင်းအစတချို့နဲ့
ဒီခရမ်းယောင်လွင်ပြင်ကြီးက
တနင်္ဂနွေတစိတ်တပိုင်းကိုတောင်
မခမ်းနားစေတော့ဘူးလား..........?
နွေယောင်ဆောင်ထားတဲ့
ဒီ.....အလွမ်းတွေ ဟစ်ခေါ်နေတဲ့
ခေါ်သံတွေကရင်နဲ့မဆန့်ဘူး......

သတိရတိုင်းထုတ်ကြည့်မိတဲ့
ငါ့..နှလုံးသားဝတ်ရုံလေးရေ
............လွမ်းတယ်.........

0

Michael Jackson - You Are Not Alone (Live) (In Munich) (HIStory Tour) (1997)

Published at 7:41 PM in

Michael Jackson ရဲ့ သီချင်းတွေ တော်တော်များများကို လူကြိုက်များပါတယ်...ဒီတစ်ပုဒ်က သူ့ သီချင်းအေးအေးလေးတွေ ထဲက ကျွန်တော် အကြိုက်ဆုံးတစပုဒ်ပါ... အောက် မှာ သီချင်းစာသားပါ တင်ထားတယ်....



Another day has gone,I'm still all alone
How could this be,You're not here with me
You never said goodbye,Someone tell me why
Did you have to go,And leave my world so cold

(1) Everyday I sit and ask myself
How did love slip away?
Something whispers in my ear and says

(2) That you are not alone
For I am here with you
Though you're far away
I am here to stay

(3) You are not alone
I am here with you
Though we're far apart
You're always in my heart
You are not alone

All alone,Why, oh.........

Just the other night, I thought I heard you cry
Asking me to come, And hold you in my arms
I can hear your prayers, Your burdens I will bear
But first I need your hand, then forever can begin

(Rpt- 1,2,3,)

oh...Whisper three words and I'll come runnin'
fly...And girl you know that I'll be there
I'll be there

(Rpt- 2,3,2,3,)

Not alone
You are not alone..,you are not alone..

you just reach for me baby
in the morning in the evening
you're not alone, not alone
You and me , not alone, oh, together , together......

0

Complicated Heart - Michael Learns To Rock

Published at 4:32 AM in







maybe it's intuition
but some things you just don't question
like in your eyes, i see my future in an instant
and there it goes,
i think i found my best friend
i know that it might sound
more than a little crazy
but i belive....

***
i knew i loved you before i met you
i think i dreamed you in to life
i knew i loved you before i met you
i have been waiting all my life

there's just no rhyme or reason
only the sense of completion
and in your eyes, i see
the missing pieses i'm searching for
i think i've found my way home
i know that it might sound
more than a little crazy
but i believe...

{***}

A thousand angels dance around you
i am complete now that i've found you

{***}{***} .....
ဒီကယူထားတာ....

0

ပြန်လိုချင်တယ်.......

Published at 7:07 PM in

လေတွေ အရမ်းတိုက်ပြီး
မိုးတွေ တအားရွာတုန်း
ပွင့်ခဲ့တဲ့ အနမ်းတပွင့်
သူ မှတ်မိသေးရဲ့လား....?

ထင်းရှူးပင်ကြီးတွေ ၀ုန်းဒိုင်းကျဲ ကတဲ့နေ့
လျှက်စီးတွေ တလတ်လတ် ကျတဲ့နေ့
ထီးကိုယ်စီပါလျှက်နဲ့ ဆောင်းဖို့ မေ့ခဲ့တဲ့နေ့
အဲဒီနေ့
မှောင်မည်းနေတဲ့ မိုးသားတွေအောက်
ဝင်းလတ်နေတဲ့ သူ့အပြုံး
ဒီတခါ အလင်းလတ်ဆုံးပဲ
ပြီးတော့
သူ က ညာတက်တယ်
ထီးပါလား .....ပါဘူးလေ!!!
ချမ်းနေပြီလား.....ချမ်းဘူး!!!
မိုးတွေ ချိန်းနေတယ် .....ကြောက်ပါဘူး!!!!
အိမ်ပြန်ချင်ပြီလား......မိုးရေထဲ မှာပျော်လို့ပါဆိုနေ!!!!
ချစ်လား ......... ချစ်ဘူးတဲ့!!!!

အခုတော့ မိုးတွေလည်း မရွာတော့ဘူး
မိုးရွာရင်လည်း သူ မရှိဘူး
ပြန်လိုချင်ခဲ့တဲ့ အနမ်းတစ်ပွင့်
ငါ့ ကမ္ဘာမှာ ဘယ်ပန်းမှ မပွင့်တော့ဘူး....
(<'.'>)