1

သတ္တိ

Published at 2:04 PM in









သတ္တိ


မလှမ်းဝံ့ လှမ်းဝံ့
တွန့်ဆုတ်ဆုတ်နင်း
ဒူနှစ်ဖက်တုန်
မလုံခြုံတဲ့ ဦးထုပ်
ကုပ်ကုပ်လေးဆွဲ
ကွဲရှရှနှုတ်ခမ်း
ရေဖျန်းရင်းဆက်လျှောက်
နောက်ကနေကျော်
မျှော်တော်တော်ကြည့်
ပြောမိပြောရာ
ပြောလိုက်သည်က
ဟို .............. !
ထမင်းစားပြီးပြီလား ........... ? !

တစ်ချိန်က သတ္တိ ကြောင်ခဲ့ရတာလေးတွေလေ ။


လေပြည်

Spread The Love, Share Our Article

Related Posts

Post Details

1 Response to သတ္တိ

July 5, 2009 at 2:46 PM

ကောင်းလိုက်တဲ့ သတ္တိ......
ကျနော်လည်း အဲလိုသတ္တိမျိုးလိုချင်လိုက်တာဗျာ ဟီး ..

Post a Comment

ပြောသွားကြတယ်....