ငါထဲက..........ငါ

Published at 2:21 AM in


ရင်ဘတ်ထဲက...

ဒီနှလုံးသားကို ခွဲထုတ်ပြလည်း

ငါ့အတွက်တော့

ရုပ်ကြွင်းမဖြစ်နိုင်ဘူး...။

ဝိုးတဝါး အဝေးက

လက်ပြခေါ်သံတွေက

ကာရံမဲ့ သံစဉ်တွေ

ဟစ်ကြွေးလို့...

ဝိညာဉ်တွေလမ်းပြ

ခေါ်ဆောင်နေတဲ့ နံရံတဖက်ကကော

နာကျင်ခြင်း

အဆုံးသတ်နီုင်မလား...?

နေဝင်ချိန်တွေက

ငါ့အတွက်မဟုတ်ခဲ့ပေမယ့်

ပုပ်သိုးနေတဲ့ ကျိန်စာတွေကြောင့်

မှတ်တိုင်တွေကြားက

လမ်းမှားနေတဲ့....ငါ

ယစ်မူးနေတဲ့ တိမ်တိုက်တွေနဲ့

ခြောက်ကပ်ကပ်ရယ်သံတွေကြားက

မနက်ဖြန်ဆိုတာ မရှိတဲ့

ငါ့ရဲ့အမှောင်ဆုံးညတွေလား...?

ရမ္မက်သံ ခပ်ပြင်းပြင်းနဲ့

ရူရှိုက်နေတဲ့ အငွေ့အသက်တွေကြားက

ဆွံ့အနေတဲ့နောင်တတွေကို

ပြာချပြီး နင်းချေပစ်ချင်တယ်......။