အယူခံ

Published at 2:24 AM in

ခံစားမှုနဲ့ ပုံဖော်ထားတဲ့
ရင်ထဲကဒီကဗျာဟာ.....
မင်းကြောင့်ထုဆစ်ခဲ့ရတယ်ဆိုရင်
ယုံမလားဟင်....?
ဒါတွေဟာ
အလွမ်းရဲ့ပြယုဂ်မဟုတ်ခဲ့ရင်တောင်
တမ်းတခြင်းရဲ့ နိဒါန်း....
ဖြစ်ခွင့်ပြုပါ.....သင်
ဒီနေရာလေးက ဖြတ်လျှောက်သွားရင်
ဟိုးတုန်းက..
သင့်..အရိပ်တွေနဲ့ စီးမျောနေတဲ
ဗလာရင်ခွင်တစုံရဲ့ အိမ်ပြန်ချိန်တွေက
ဝေဝါးနေလို့....
ယုံစားခဲ့တဲ့နေ့သစ်တွေက
မျက်ရည်တွေလည်းမပျော့ပျောင်းခဲ့ဘူး
သံစဉ်တွေမာကြောလို့
မပြီးဆုံးတဲ့အချစ်သီချင်းတွေနဲ့
ငိုရှိုက်နေတဲ့ နှလုံးအိမ်ထဲက
သင်...ဝင်လှမ်းခြင်းမရှိခဲ့တဲ့
အထီးကျန်နေ့စွဲတွေ...
ငါ့အတွက်တော့
မနက်ဖြန်တွေကိုတောင်
အလွမ်းတွေအတွက်
ကတိမပေးနိုင်တော့ဘူးလေ......
သင်..မှေးစက်နေတဲ့
ရင်ခွင်တခုရဲ့အကြင်နာတွေ
အိုဟောင်းခဲ့ရင် နားခိုစရာ
နေရာတခုလည်း သံချည်းတွေအထပ်ထပ်ပေါ့...
အကျဉ်းကျခံထားရတဲ့
မျှော်လင့်ခြင်းတွေအတွက်
ပျိုပျစ်ခြင်းတွေ ကူးခတ်နေပေမယ့်
တုန့်ပြန်ခြင်းတွေက တံခါးပိတ်ထားဆဲလေ...
ဒီလိုနဲ့ပဲ
ငါလေကဗျာတွေရေးနေတယ်
ဒါပေမယ့်
ကာရံတွေခြောက်ကပ်လို့

ရောက်တတ်ရာရာရယ်ပေါ့........။

ငရဲမီး

မ အတွက်

Published at 4:29 AM in

ငယ်ငယ်တုန်းက သူငယ်ချင်းရေးခဲ့ဘူးတဲ့ ကဗျာလေးပါ.. အခုထိခေါင်းထဲက မထွက်ဘူး...ကျွန်တော်ကဗျာတွေကို ပုံဖော်ဖို့ အစပြုခဲ့တဲ့ ဟာလေးဆိုရင်လည်းမမှားပါဘူး..အဝေးတနေရာမှာ ရောက်နေတဲ့ တချိန်က သူငယ်ချင်းကို သတိရမိတာလဲပါတယ်လေ...ဘဝတစ်ကွေ့မှာတွေ့ဆုံခဲ့တဲ့ သူငယ်ချင်းဖြစ်ပေမယ့် အမှတ်ရစရာတွေ နဲ့အတူတူဖြတ်သန်းခဲ့တဲ့ ပေါက်ကရနေစွဲ့တွေအတွက်................... ပြီးတော့တချိန်ကရင်ထဲမှာ ရူးသွပ်စွာ တမ်းတဖူးတဲ့.........မ......ရဲ့အရိပ်တွေအတွက်.......


မ...
ခဏတာတွေ့ဆုံခြင်းပါ
ဒါပေမယ့်
ဘာကြောင့်များ....
တစ်ဘဝစာဖြစ်ချင်မိပါလိမ့်...!
မခိုင်လုံတဲ့အကြောင်းပြချက်နဲ့
မတောင့်တအပ်တာကို
ပိုင်ဆိုင်ချင်မိခဲ့သူ.....။
တကယ်ဆို
ဘယ်လိုနည်းနဲ့မှ မဖြစ်ထိုက်
မချစ်ထိုက်တာပါ..
ဒါပေမယ့်
မမြင်နိုင်တဲ့ကြိုးရဲ့
တရစ်ထက်တရစ်တိုးတဲ့
မြတ်နိုးမှုဒဏ်ကို
ကျွန်တော်ထပ်တိုးမခံစားနိုင်တော့ဘူး......မ
မဖြစ်သင့်ခဲ့ပေမယ့်
အချစ်စစ်ဆိုတာ
ဒါလား....မ?
ကျွန်တော်မြင်ယောင်မိပါတယ်
မရဲ့ဒေါနဲ့မာန်နဲ့
ပြောမဲ့ဟန်တွေကို.....
တကယ်လို့
အပြစ်ဖြစ်ခဲ့မယ်ဆိုရင်လည်း
အချစ်သင့်ခဲ့တဲ့
ကျွန်တော့်အတွက်ပဲလေ....!
အမုန်းစိတ်နဲ့
မ.......ကစွန့်ပစ်ခဲ့ရင်လည်း
အပြုံးရိပ်နဲ့
ကျွန်တော်ဆက်ချစ်နေအုံးမှာပါ။
ဒါပေမယ့်
ဘယ်လိုပဲကြိုးစားကြည့်ကြည့်
မရခဲ့တဲ့
ရင်ထဲကအချစ်တွေအတွက်တော့
ညာတာထောက်ထားမှု
မပေးနိုင်ရင်တောင်
လည်ပြန်အကြည့်တချက်လောက်တော့
စောင်းငဲ့ကြည့်ခဲ့ပေးပါတော့လား
မရယ်..........
ငရဲမီး







0

စွဲချက်

Published at 5:30 AM in

မျောလွင့်နေတဲ့အိပ်မက်ရှည်တွေကို
လိုသလိုပုံသွင်းပြီး
ကကြိုးတွေနဲ့ ကခုန်ဖူးတဲ့
မနက်ခင်းတွေဟာ...
ဘောင်ခတ်ထားတဲ့မကျေနပ်ချက်တွေ
ရွက်လွင့်နေတုန်း
ပြန်မလာတဲ့နေ့တွေကို
ရပ်စောင့်နေမိခဲ့ပါရဲ့
ဒါပေမယ့်
ဆုပ်ကိုင်ထားတဲ့အနာဂတ်တွေ
ခိုနားစရာ
မြို့ဟောင်းလေးလည်း
ဆာလောင်မှုတွေနဲ့ပန်းချီကားတချပ်ဖြစ်လို့...
ရေသောက်မြစ်တွေ
ခြောက်ခမ်းနေပေမယ့်
အတိတ်ကိုထားခဲ့ဖို့တော့
အယူအဆတွေကိုခုတ်မောင်းရအုံးမယ်......
ရာဇဝင်တွေပြောင်းလဲဖို့အတွက်
ပိရမစ်တွေကို
အသက်သွင်းနေကြရင်
နစ်ဝင်နေတဲ့အတွေးတွေကို
မြေမြုပ်ဖို့သင့်ပြီလေ...
ဗီလိန်တွေချည်းပါနေမှဖြင့်
ဒီပြဇာတ်တော့ ပြီးဆုံးဖို
ဝေါဟာရတွေကို
အရည်ဖျော်ဖို့တော့.......သင့်ပြီ
ကောင်းကင်ကြီးချိုမြိန်ဖို့အတွက်
ပန်းသီးစားဖို့မလိုပါဘူး
အလင်းကိုမြင်ရဖို့
အမှောင်ကိုကောမီးရှို့အုံးမလား...?
ဒါဆိုရင်တော့
ရှင်သန်ဖို့အတွက်
သေမင်းကိုအကျဉ်းချဖို့....လိုပြီ
တွက်ချက်တိုင်းရလဒ်မထွက်ခဲ့တဲ့
ပုစ္ဆာတွေရဲ့
ကွပ်လပ်တွေပုံဖော်ဖို့
မလွတ်မြောက်နိုင်သေးပေမယ့်...
သံစဉ်တွေကျပျောက်တိုင်း
ထွက်ပေါက်ရှာခဲ့တဲ့
ပြယုဂ်တွေအတွက်တော့
ရုံဝင်ကြေးမပေးပါနဲ့....
ပုံသေနည်းမလိုတဲ့ ဘဝအတွက်
အသစ်တွေရက်စွဲမတက်ခင်
စကားလုံးတွေထမ်းပိုး
မိုးခါးရေနဲ့မျက်နှာသစ်ပြီး
အိပ်ပျော်နေတာမှ ကောင်းဦးမယ်.............။

ငရဲမီး






0

တမ်းချင်း

Published at 8:56 PM in




စေစားခြင်းကင်းတဲ့ အချစ်နဲ့မထိုက်တန်တော့....

ငါရူးသွပ်ခြင်းနဲ့အစပြုခဲ့တာ ငါ့အမှားလား....?

သိခွင့်မရှိတဲ့ပုစ္ဆာတွေကို.......မင်းပေး

မင်းပေးခဲ့တဲ့အချစ်ဟာ အဆိပ်တခွက်....

အာရုံတွေဝေဝါး...

အတိတ်ကထိုးနှက်ဒဏ်ရာလား....?

ဒီအိပ်မက်ထဲက ရုန်းထွက်ဖို့....

ယူဆောင်လာမင်းရဲ့ အပြုံးတွေကြားမှာ

ငါလေ ရူးသွပ်ရင် ... ရူးသွပ်ရင်း

ပိုင်ဆိုင်ခွင့်မရှိတဲ့ သီချင်းတပုဒ်နဲ့ ငါဟာ....

ငါစွန့်ပစ်ခဲ့တဲ့ အတွေးများဟာလည်း...

ဟောင်းနွမ်းပြီးခြောက်ကပ်လို့နေပေါ့

မင်းမရှိတော့တဲ့ ဒီရှင်သန်ခြင်း အဓိပ္ပါယ်မရှိ

ငါ့ဘဝရဲ့အိပ်မက်တခုဟာ.......မင်းပဲ။

ငရဲမီး....







0

ချစ်သူသို့....

Published at 8:55 AM in

ချစ်သူရေ.....
မင်းကြောင့် ဥပေက္ခာပင်လယ်ထဲမှာ
လမ်းပြကြယ်မရှိဘဲ
ရင်ဘတ်အကန်းကြီးနဲ့
လမ်းလျှောက်နေရသူပါ.......။