0

ထိုသူမ(ကြယ်ရိုင်း)

Published at 7:31 PM in


ဖန်ဆင်းရှင် ဘုရားသခင်နဲ့အတူ ၀ိုင်ချိုတစ်ခွက်အတူသောက်သုံးရင်း သူဖန်ဆင်းထားသော ထိုသူမ၏အလှကို ကျွန်တော်ဖန်ဆင်းထားသော ကဗျာများက လုံလောက်စွာမဖွဲ့ဆိုနိုင်ကြောင်းပြောပြချင်ပါသည်။ စာပေပညာရှင်ကြီးများပြောသော Limitation of Text ဆိုသည်မှာ ဤအရာကိုဆိုလိုပါသလား။ ဘုရားသခင်က ကျွန်တော့်ကိုစပ်ဖြီးဖြီးနဲ့ပြန်ပြုံးပြပါတယ်။ (တကယ်တော့ ဘုရားသခင်ကိုယ်တိုင်ထိုသူမလောက်ချစ်ဖို့ကောင်းအောင် မပြုံးတတ်ချေ။ ) ။

စာသင်ခန်းတစ်ခုတွင် သူမ၌ Favourite Music လေးမျိုးရှိသည်ဟု ပြောသောကြောင့် ကျွန်တော်ကသူမကို"ပါလေရာငပိကျက်"ဟုပြောသောအခါရှိရှိသမျှသူငယ်ချင်းအားလုံးက ငပေါဟုခေါ်ဝေါ်ခြင်းကို ခံရ သောကျွန်တော့်ကို"ဘာတွေလာပြောနေတာလဲဆောက်ရူး" ဟုပြန်ပြောသောအချိန်တွင်သူမကိုကျွန်တော်ချစ်သွားပါသည်။ ထိုသူမကို ထိုအချိန်ကချစ်သွားခြင်းသည် စာပေပညာရှင်ကြီးများပြောသော One time knowledge မဟုတ်ကြောင်းကို တိတိပပ ပြောနိုင်ပါသည်...။

Albus Camule THE OUTSIDER ၀တ္ထုထဲတွင် ကောင်လေးက ကောင်မလေးကို ချစ်တယ်ဟုမပြော ။သို့သော်လက်ထပ်ပေါင်းသင်းလေသည်။ ချစ်တယ်လို့တော့လုံးဝမပြောခဲ့ပေ။ မင်းခိုက်စိုးစန် နမ်မီးဆစ် ၀တ္ထုထဲတွင်တော့ ချစ်သူ၂ဦးက ချစ်ကြိုက်နေကြသော်လည်း လက်ထပ်ခြင်းမပြုကြချေ။ ထိုဥပမာများသည် ကမ္ဘာကျော်၊ နိုင်ငံကျော်ဝတ္ထုများထဲမှဖြစ်ကြလေသည်။ကျွန်တော့်အဖို့တော့ ထိုသူမကို ချစ်တယ် ဟုပြောရန်သော်လည်းကောင်းလက်ထပ်ပေါင်းသင်းရန်သော်လည်းကောင်း... စိတ်ကူး၊ဆန္ဒ မရှိပါ။ ထိုသူမကို အလွန်ပင် ချစ်ပါသည်။ သို့သော်...

အရိပ်တစ်စင်းရဲ့

တိတ်ဆိတ်ခြင်းမျိုးဖြင့်

မြတ်မြတ်နိုးနိုးချစ်နေခြင်းဖြစ်ပါသည်။ ။

... ... ... ငြိမ် ။ ။





ကြယ်ရိုင်း

Spread The Love, Share Our Article

Related Posts

Post Details

No Response to "ထိုသူမ(ကြယ်ရိုင်း)"

Post a Comment

ပြောသွားကြတယ်....