0

စကားလုံး ပုံပြင်

Published at 5:29 PM in



အလင်းမဲ့ သတ်ပုံကျမ်း...
အိပ်မက်အသေတွေ ချရေးသောလက်တစုံ......

ရင်ဘတ်အပျက်နဲ့ ထုဆစ်ထားတဲ့
ကျောက်ထွင်း အက္ခရာ...
... ... ... ... ... ... ... ... ... ... ... ... ... .. ...
ရက်လွန်နေသော....
စွန့်ပစ်ရန် မျှော်လင့်ချက်အပိုင်းအစများ

၃၂ မျက်နှာပါ
နေ့စဉ်ရေး တလစာအလွမ်း ဒိုင်ယာရီ

ငိုကြွေးရန်....
လက်ကျန်ရေရောထားတဲ့ ကဗျာတပုဒ်

ရင်ဘတ်ထဲ...................
နေရာမှားရောက်နေသော
အဆစ်ရောင်ရောဂါတမျိုး
.......တဆစ်ဆစ်နဲ့..........

မျက်ဝန်းထဲက မိုးဦးရာသီ
မချုန်းပဲ ရွာရွာချတတ်ကြတော့
.............................................
ဆွေး........ဆွေး..........ဆွေး.....


ငရဲမီး

0

တေတေ အတွက်

Published at 2:29 AM in

သူငယ်ချင်းရေ....
မင်းရဲ့
မပိတ်ပဲထားခဲ့တဲ့ စာမျက်နှာတွေထဲ
အကြိမ်ကြိမ် ချရေးခဲ့တဲ့
စိတ်ကူးအကြမ်းထည်တွေ
မဆုပ်ကိုင်နိုင်သေးတဲ့
အိပ်မက်အပိုင်းအစလေးတွေ
ရုပ်လုံးပေါ်အောင် ထုဆစ်နိုင်ပါစေ
......................................
ဘဝရဲ့ နေဝင်နေထွက်
ရာသီတွေထဲ..........
မနက်ဖြန်တိုင်းဟာ မင်းအတွက်...
ပျော်ရွှင်မှုတွေနဲ့အတူ
မွေးဖွား နိုင်ပါစေ
......................................


ငရဲမီး

0

စာမျက်နှာ ၂၃

Published at 3:47 PM in

မင်းရှိတဲ့..အရပ်
ခါးသက်သက်ညနေခင်းတွေနဲ့အတူ
ပြန်မလာတော့ဘူး..
အလွမ်းတွေနဲ့
ငါရှိနေဆဲပါ...................
ရင်ဘတ်အပြဲနဲ့ မင်းမရှိလည်း
နေပျော်သွားပြီ
နာကျင်ဖို့တော့ မယုယတော့ဘူး
မင်းစကားတွေနဲ့ထိုးနှက်ခံရဖို့ထက်
ငါ့ကိုယ်ငါလည်း
မလှည့်စားတော့ဘူး...........


ငရဲမီး

1

ဇူလိုင် ......အလွမ်း...။

Published at 8:59 PM in


ချစ်သူ့ အပြုံးနဲ့ မျက်ဝန်း၊
တီတီတာတာ သူ့စကားသံတွေက
ဇူလိုင်လလည် မိုးရယ်ပါ
ညို့မှိုင်း၍ အေးသည်
လျှပ်ပန်းတို့ဖြင့် ၀င်းသည်
နေ့ရက်ဟောင်းနဲ့
ပွင့်ခဲ့ ဖူးတဲ့ ၀ါဆိုပန်းတို့ရေ
တစိမ့်စိမ့်တွေး လျှင်ဖြင့်
တမြေ့မြေ့ကျွမ်း ရပါပေမည်
တမ်းတစ်ခါ ဆွေးတစ်လှည့်
မငိုနဲ့ မငိုနဲ့လို့
မိုးဦးလေညှင်းသို့ နှယ်
ကိုယ်မာန် ကိုယ်တင်း
ခြေစုံ ဆင်းလျက်
တသက်စာ အလွမ်း
ခဏတာ အတွင်း ကုန်အောင်
ဇွတ် လွမ်းနေရ လေတော့သည်။

(DeepCorner)

1

နောက်ဆုံးချိန်ထိ............

Published at 2:37 AM in


စိန်ခေါ်ပြီးမှ၊ ထွက်ပြေးတာမျိုးလို
ခဏခဏ၊ သွေးတိုးမစမ်းပါနဲ့
ကြိုတောင်းပန် ထားခဲ့သော်လည်း
တဇွတ်တိုး နှလုံးသားအတွက်
အုပ်ထိမ်းသူ မဲ့ခဲ့ရ၏

ယ္ခု....အခါ
ချစ်ခြင်းတို့ မွေးဖွားခဲ့ဖူးသော အရပ်သည်
မီးခဲပြာဖုံးသည့် ပမာ
မှောင်မိုက်၍ အေးစက်နေသယောင်ရှိ၏
တစက်စက်ကျသော
စစ်သလင်ပြင်ကွင်းလယ်က ငါ့ နှလုံးသွေးတို့သည်
သက်ဆိုင်သူတို့ အတွက်
အိမ်မက်ဆိုးအဖြစ် ရေးမှတ်ကြကုန်မည်ကို စိုး၏

ကဲ.......အမိ .
ချစ်လွယ်ခဲ့သူ၊ ငါသည်လည်း
အမိ လာရာမှန်း
နောင်တမဲ့ ကမ်း၊ ခြေတစ်လှမ်းမရွေ့
နေ့တစ်ရက်၊ သွေးတစ်စက်မျှော
သေငယ်ဇောဖြင့်၊ ကျားကန်၍ မျော်လျက်သာနေ၏......။


(DeepCorner)

0

ပြန်လိုချင်တယ်....

Published at 4:45 AM in


လေတွေ အရမ်းတိုက်ပြီး
မိုးတွေ တအားရွာတုန်း
ပွင့်ခဲ့တဲ့ အနမ်းတပွင့်
သူ မှတ်မိသေးရဲ့လား....?

ထင်းရှူးပင်ကြီးတွေ ၀ုန်းဒိုင်းကျဲ ကတဲ့နေ့
လျှက်စီးတွေ တလတ်လတ် ကျတဲ့နေ့
ထီးကိုယ်စီပါလျှက်နဲ့ ဆောင်းဖို့ မေ့ခဲ့တဲ့နေ့
အဲဒီနေ့
မှောင်မည်းနေတဲ့ မိုးသားတွေအောက်
ဝင်းလတ်နေတဲ့ သူ့အပြုံး
ဒီတခါ အလင်းလတ်ဆုံးပဲ
ပြီးတော့
သူ က ညာတက်တယ်
ထီးပါလား .....ပါဘူးလေ!!!
ချမ်းနေပြီလား.....ချမ်းဘူး!!!
မိုးတွေ ချိန်းနေတယ် .....ကြောက်ပါဘူး!!!!
အိမ်ပြန်ချင်ပြီလား......မိုးရေထဲ မှာပျော်လို့ပါဆိုနေ!!!!
ချစ်လား ......... ချစ်ဘူးတဲ့!!!!

အခုတော့ မိုးတွေလည်း မရွာတော့ဘူး
မိုးရွာရင်လည်း သူ မရှိဘူး
ပြန်လိုချင်ခဲ့တဲ့ အနမ်းတစ်ပွင့်
ငါ့ ကမ္ဘာမှာ ဘယ်ပန်းမှ မပွင့်တော့ဘူး....
(<'.'>)

D33P CoR|\|3R

0

တန်ဖိုးတွေပြန်ပေးပါ.........

Published at 4:35 AM in

တန်ဖိုးဆိုတဲ့
စာကားခု တစ်ချို့ ကို
လစ်လျူရှူ့ ပြီး
လေမှာ မျောနေတဲ့
ဆပ်ပြာပူဖောင်းတွေကို
အားကျမိခဲ့ဖူးတယ်..
မကျွမ်းကျင် အပင်တက်တော့
ပြုတ်ပြုတ်ကျတာ ခဏခဏပဲ
အနာတရ ရယ်များလာတော့
အစမလုပ်ခဲ့ မိရင်ကောင်းတား
အဲလိုနဲ့
မကြင်နာတက်တဲ့ သူကို
ငါ ဥပက္ခာပြုထားရင်း
ငါ ကိုယ်တိုင် ရက်စက်တက်လာပြီ...
ပြန်ယူလာပေးပါလား
မာန နဲ့ သိက္ခာတွေ
ကောင်းကင်ပေါ် တက်ကြည့်မှ မြင်ရမယ့်
ငါ့ နှလုံးသား မြင့်မြတ်မှုတွေလည်း
အသစ်ရွက် ဖျားက ရေစက်တွေလို
မရမက တွယ်နေကြရလေရဲ့
ဒါ တွေက
ကောက်ရိုးတမျှင်စာလောက် အတွက်
ထိုက်တန်တဲ့ အဖိုးစားနားတွေလား။

D33P CoR|\|3R

0

ကျေနပ်နေလား....?

Published at 4:28 AM in

ဘယ်ကွေ့လိုက်
ညာချိုးလိုက်နဲ့
လိမ်ဖယ်လိမ်ဖယ် ဘ၀လမ်းမှာ
ခလုပ်ကတင်းတွေ အကြောင်းပြောရင်
ညင်းတယ်ထင်မယ်
အောင်မြင်မူတွေ အကြောင်းပြောရင်
ကြွားတယ်ထင်မယ်
မခက်ခဲတဲ့ လမ်းမှာ ရခဲ့တဲ့ အောင်မြင်မူ ၊
မကြိုးစားဘဲ ရခဲ့တဲ့ ဆုဖလားတွေ
မင်း ခလုပ်တိုက်သွားတာတောင် သိလိုက်မှာမဟုတ်ဘူး၊။

ဒီသစ်ပင် မျိုးကောင်းရင်
အသီးအပွင့်တွေ ၀ံ့ကြွားတယ်
ဘိုဘွား မိဘတွေကြောင့်
မင်း မျက်နာပန်းလှနေတယ်
သွယ်ဝိုက်ပြီးမှရောက်လာတဲ့
ဘ၀ ရဲ့အောင်မြင်မူ
အကျေနပ်ကြီး ကျေနပ်ရင်း
မာန်တက်နေတဲ့ မင်း ပါးစပ်
ဆားမပါတဲ့ ဟင်းစားဖူးလား
အဲ လိုပဲ ဘာအရတာမှမရှိဘူးကွာ။

မဖြစ်နိုင်ဘူးပဲထား
ဇီးပင်ကနေ ပန်းသီးတစ်လုံးသီးရင်
လောကကြီးက လက်ခုပ်သြဘာပေးလိမ့်မယ်
ထိုက်တန်တဲ့ ဆုလတ်တွေ
အလိုလို စီးဆင်းလာလိမ့်မယ်၊
ပန်းသီးပင်က ဇီးသီးတစ်လုံးထွက်လာရင်
မင်း နွားကျွေးခံရမယ်
အဲဒီနွားကိုတောင် ဘယ်သူမှစားမှာမဟုတ်ဘူး
ချဉ်မှာစိုးလို့................!!!

ရေစုံမြောနေပေမဲ့
ကယ်မဲ့လူမရှိဘူး
မြက်ခြောက်တစ်ပင်တောင်
အမောတကော ထွက်ပြေးလိမ့်မယ်
မင်း တွေ့မှာစိုးလို့.........!!!!!


D33P CoR|\|3R

0

မမုန်းမေ့နိုင်ပါ.....

Published at 12:05 AM in


သဘာဝမဆန်တဲ့ အေးဆက်ဆက်ပတ်ဝန်းကျင်ကြောင့်
လျှောက်လှမ်းခဲ့ဖူးတဲ့ ဆောင်းမနက်ခင်းတွေကို
အခြေအနေပေးရင် သိပ်လွမ်းပါတယ်
ဆိုတဲ့အကြောင်း ပြောချင်ပါသည်။

တကယ်တမ်းဆို .ငါ တို့။ .............။
ဘာကြောင့် ခွဲခွာခဲ့မိလဲ
ဘာလို့ ဝေးကွာခဲ့ကြလဲ
မိဘဆွေမျိုးတွေ ကြောင့်လား...........မဟုတ်ပါ
ငွေကြေးနဲ့ စည်းစိမ် ကြောင့်လား.........ဒါလည်း မဟုတ်ပါ
ဘယ်လိုမှစဉ်းစားလို့မရပေမယ့်
အဆုံးအစမဲ့ မြောလွင့်ချင်မိလို့
ဖြစ်သမျှကို ငါ ဖန်တီး
စွန့်ခွါမိသူ ငါ့ မှာသာအပြစ်ရှိ၏၊.။

တကယ်တမ်း ကြတော့
ဘယ်လောက်ဝေးဝေး
မကြောင့်မကျ ဘယ်သူခင်ခင်
တမင်တကာ အကြင်နာတွေလာ ဖိတ်စေဦးတော့
အရင်ခါ ငါ အိပ်စက်ဖူးတဲ့ မင်း ရင်ခွင်
အဆင်တန်ဆာ မဲ့နေပေမယ့်
ငယ် သံယောဇဉ်အားကြောင့်
မမုန်း မေ့နိုင်ပါ။

ဒီတခေါက်ပြန်တွေ့ရင်ဖြင့်
ကြိုလင့်နေပါ့မလား
အရောက်ပြန်ခဲ့မယ့် ငါ့ ကတိ
ပေတရာမကူး ရေမရူးပဲ
ဝေဟင်မှာစီးမြော ရောက်လိုဇောနဲ့
ပြန်လာခဲ့မယ်မည် ရန်ကုန် ဆီ...........

(ရန်ကုန်ကို လွမ်းလို့)


D33P CoR|\|3R

0

Platonic Love.....

Published at 11:37 PM in





အလွမ်း မရှိဘူး၊ အဆွေးမရှိဘူး
အမုန်းမရှိဘူး၊ မတမ်းတတက်ဘူး။

ဘာတဲ့လဲ လ ဆိုတာ
ညမှထွက်တယ်လို့ ဘယ်သူပြောခဲ့လဲ
သာမာန်ရိုးကျလမ်းတွေကို
ခေါက်တုတ်ခေါက်ပြန်လျောက်
ရယူခြင်းတွေ၊ ပေးဆပ်ခြင်းတွေနဲ့
ရှုပ်ယှက်ခက်နေတဲ့ အထဲမှာ
ငါ မပါဘူး။

ဒါပေမယ့် ချစ်တယ် ...
အရမ်းချစ်တယ်..........
တအားချစ်တယ်.........

အချစ်ဆိုတာကို သီးသန့်ထားရင်
ရင်ဘက်တခုလုံးနဲ့ အပြည့်ဖြစ်လာတဲ့ အခါ
မျိုးရိုးဗီဇတစ်ခု ပေါက်ဖွားလာတယ်
အဲ ဒါ Platonic Love..........။

နည်းနည်းတော့ ဆန်းပြားတယ်
အတ္တနဲ့ တဏှာ
ဘယ်လိုရှာရှာ မတွေ့နိုင်ပေမယ့်
အငွေ့တွေနဲ့ ပုံရိပ်တွေရှိတယ်
သိပ်နူးညံ့တယ်
ခေါင်းကို တဗျင်းဗျင်းကုတ်ပြီး စဉ်းစား
မခံစာ:တက်ရင် Google လည်း မကယ်နိုင်တော့ဘူး...

D33COR/|/3R

3

"စိုးထိတ်နေရသူပါ"

Published at 12:57 AM in

တမ်းတ တခါ
ဆွေးတစ်လှည့်
ပြေးထွက်ရက်သူ ကိုမှ
ရင်နင့်အောင်ဆူး
ငါ ဘယ်သူကိုမှ
"မချစ်ဘူး.... မချစ်ဘူး"လို့
အားကုန်ဟစ်ကြွေး
သူ..........
ကြားသွားမှာလည်း စိုးရသေးသည်။

သန်းခေါင်ကျော်ညရဲ့ ခြေသံလိုလိုပါ
မျက်လုံးကို ဇွတ်မှိတ်
ခြောက်ချား စိတ်တွေနဲ့
လက်တစ်ဖက်ကို ဖက်တွယ်ထားရင်း
ငါ့ မီးစာလေး လေအတိုး
မှောင်ရိပ်ပျိုး သွားမှာလည်း စိုးရသည်။

မရောက်လာတော့မယ့်
မနက်ဖြန်မှာ
ဟိုး............အဝေးရောက်
အလင်းပျောက်ကို ရှာရင်း
ရယ်သံသောသောလေး ကြားလိုက်တယ်
မလှောင်ကြပါနဲ့ဗျာ
တစ်ယောက်တည်း မောမောနေလို့ပါ။



(DeepCorner)

1

ညရဲ့ဝိဥာဉ်

Published at 2:03 PM in

ညရဲ့ဝိဥာဉ်


လှပသောည
ဝိုးတ၀ါးလရောင်
အိမ်ခေါင်ပေါ်ကျ
လှပပြည့်စုံ
သင်းသင်းထုံည ................... ၊


လေပြည်သွေးသောည
ရွက်ဖျားလှုပ်ခက်
လေပြည်ဆောင်ယူ
အချစ်ဆီသို့ ၊
ထို့ကြောင့်ဒီည
လေပြည်များည .................. ၊


လွမ်းဆွတ်သောည
သတိရစေသည်
ချစ်သူရှိရာ
ဟို အဝေးဆီသို့ ၊
ထို့ကြောင့်ဒီည
အလွမ်းည ................ ၊


သီချင်းများရဲ့ည
မှိန်ဖျော့ဖျော့မီးတိုင်အောက်
သံစဉ်မညီဂစ်တာခေါက်
ကာရံမဲ့စွာသီဆို
သီချင်းတွေငိုတဲ့ည ................ ၊


ကဗျာများရဲ့ည
တစ်နေ့တာအလွမ်း
ကာရံများနဲ့ ယှက်သန်း
မရေမရာဖွဲ့ဆို
ကဗျာမချိုတဲ့ည ................ ၊


သစ္ဆေများနဲ့ရင်ဖွင့်သောည
ငါ့ရဲ့အသည်းကွဲဒဏ်ရာ
ခံစားချက်ဖြင့်ရင်ဖွင့်
နာကျင်ခြင်းများနှင့်
ထို့ကြောင့်ဒီည
သေစ ၦငိုတဲ့ည ............... ၊


ညည့်ငှက်များနဲ့ည
မအိပ်စက်နိုင်သည်
ညည့်ဇီးကွက်များနှင့်
အတွေးချီ
အဝေးဆီမိုင်တွေပျံသန်းရင်း ၊
ထို့ကြောင့်ဒီည
ညည့်ငှက် များနဲ့ည ................ ၊


ပဟေဋ္ဌိည
ဒီညရဲ့နောက်ကွယ်
အရာရာဟာ
လျှို့ဝှက်ဆန်းကြယ်စွာဖြင့် ၊
ထို့ကြောင့်ဒီည
ပဟေဋ္ဌိည .................. ၊

Tags: စိတ်ဝိဥာဉ်အလွမ်းများ, ညများစွာ



လေပြည်

1

သတ္တိ

Published at 2:04 PM in









သတ္တိ


မလှမ်းဝံ့ လှမ်းဝံ့
တွန့်ဆုတ်ဆုတ်နင်း
ဒူနှစ်ဖက်တုန်
မလုံခြုံတဲ့ ဦးထုပ်
ကုပ်ကုပ်လေးဆွဲ
ကွဲရှရှနှုတ်ခမ်း
ရေဖျန်းရင်းဆက်လျှောက်
နောက်ကနေကျော်
မျှော်တော်တော်ကြည့်
ပြောမိပြောရာ
ပြောလိုက်သည်က
ဟို .............. !
ထမင်းစားပြီးပြီလား ........... ? !

တစ်ချိန်က သတ္တိ ကြောင်ခဲ့ရတာလေးတွေလေ ။


လေပြည်

1

ဖြောင့်ချက်

Published at 12:21 AM in


ဖြောင့်ချက်
စင်စစ်တော့
အချစ်ဆိုတာ
မကောင်းဆိုးဝါးတစ်ခုသာ

မကောင်းဆိုးဝါးဆိုတာ
ကံနိမ့်မှ တွေ့ရတာတဲ့
တစ်ကယ်ဗျာ ကျုပ် .........

ကံနိမ့်ခဲ့ပါတယ် ။

လေပြည်

3

သူသိမ်းထားသောကျနော့ရင်ဘတ်တစုံ......

Published at 9:24 PM in

တခါတခါ တွေ့ချင်လိုက်တာလို့
သဲတတ်တာ...
တခါတခါ လွမ်းတယ်လို့
ညည်းတတ်တာ..
တခါတခါ သတိရတယ်လို့
ပြောတတ်တာ...
တခါတခါ သိပ်ချစ်တာပဲလို့
ချွဲတတ်တာ...
တခါတခါ ...နဲ့
အခါပေါင်းများစွာက
ကြည်းနူးဆွတ်ပြန့်မူ့တွေနဲ့
ငါအသည်းကို သိမ်းပိုက်သွားခဲ့ပေါ့ ............



လေနီရိုင်း

0

ထိုသူမ(ကြယ်ရိုင်း)

Published at 7:31 PM in


ဖန်ဆင်းရှင် ဘုရားသခင်နဲ့အတူ ၀ိုင်ချိုတစ်ခွက်အတူသောက်သုံးရင်း သူဖန်ဆင်းထားသော ထိုသူမ၏အလှကို ကျွန်တော်ဖန်ဆင်းထားသော ကဗျာများက လုံလောက်စွာမဖွဲ့ဆိုနိုင်ကြောင်းပြောပြချင်ပါသည်။ စာပေပညာရှင်ကြီးများပြောသော Limitation of Text ဆိုသည်မှာ ဤအရာကိုဆိုလိုပါသလား။ ဘုရားသခင်က ကျွန်တော့်ကိုစပ်ဖြီးဖြီးနဲ့ပြန်ပြုံးပြပါတယ်။ (တကယ်တော့ ဘုရားသခင်ကိုယ်တိုင်ထိုသူမလောက်ချစ်ဖို့ကောင်းအောင် မပြုံးတတ်ချေ။ ) ။

စာသင်ခန်းတစ်ခုတွင် သူမ၌ Favourite Music လေးမျိုးရှိသည်ဟု ပြောသောကြောင့် ကျွန်တော်ကသူမကို"ပါလေရာငပိကျက်"ဟုပြောသောအခါရှိရှိသမျှသူငယ်ချင်းအားလုံးက ငပေါဟုခေါ်ဝေါ်ခြင်းကို ခံရ သောကျွန်တော့်ကို"ဘာတွေလာပြောနေတာလဲဆောက်ရူး" ဟုပြန်ပြောသောအချိန်တွင်သူမကိုကျွန်တော်ချစ်သွားပါသည်။ ထိုသူမကို ထိုအချိန်ကချစ်သွားခြင်းသည် စာပေပညာရှင်ကြီးများပြောသော One time knowledge မဟုတ်ကြောင်းကို တိတိပပ ပြောနိုင်ပါသည်...။

Albus Camule THE OUTSIDER ၀တ္ထုထဲတွင် ကောင်လေးက ကောင်မလေးကို ချစ်တယ်ဟုမပြော ။သို့သော်လက်ထပ်ပေါင်းသင်းလေသည်။ ချစ်တယ်လို့တော့လုံးဝမပြောခဲ့ပေ။ မင်းခိုက်စိုးစန် နမ်မီးဆစ် ၀တ္ထုထဲတွင်တော့ ချစ်သူ၂ဦးက ချစ်ကြိုက်နေကြသော်လည်း လက်ထပ်ခြင်းမပြုကြချေ။ ထိုဥပမာများသည် ကမ္ဘာကျော်၊ နိုင်ငံကျော်ဝတ္ထုများထဲမှဖြစ်ကြလေသည်။ကျွန်တော့်အဖို့တော့ ထိုသူမကို ချစ်တယ် ဟုပြောရန်သော်လည်းကောင်းလက်ထပ်ပေါင်းသင်းရန်သော်လည်းကောင်း... စိတ်ကူး၊ဆန္ဒ မရှိပါ။ ထိုသူမကို အလွန်ပင် ချစ်ပါသည်။ သို့သော်...

အရိပ်တစ်စင်းရဲ့

တိတ်ဆိတ်ခြင်းမျိုးဖြင့်

မြတ်မြတ်နိုးနိုးချစ်နေခြင်းဖြစ်ပါသည်။ ။

... ... ... ငြိမ် ။ ။





ကြယ်ရိုင်း

0

ဝတ်မှုန်တွေ ရိတ်သိမ်းခံလိုက်ရတဲ့နေ့ (ဇာတိ)

Published at 7:17 PM in



မကြာခင် ကြွရောက်လာတော့မယ့်

ခွဲခွာခြင်းတွေ....

တားဆီးဖို့အတွက် သက်သက်တော့

ငါ့လက်တွေ မဖြန့်တန်းခဲ့

ငါတို့ မြင့်မြတ်ကြပါတယ်ကွယ် ၊၊ ၊၊

ရွာမယ် လို့ ဆုံးဖြတ်ပြီးမှတော့

ငါတို့ မိုးတိမ်တွေ စိုက်ပျိုးကြမယ်

ပြီးတော့. . .

တစ်ယောက် မရှိတော့အောင်

တစ်ယောက်က ရွာသွန်းပစ်လိုက်ကြတာပေါ့ ၊၊

ကြိုးတွေ “ထက်” လာအောင်

ငါတို့ မသွေးတော့ဘူးကွယ်

ရောက်ရှိလာတော့မယ့်

ဝေးခွာခြင်းတွေကြောင့်

ငါ့ စာရွက်လေးတွေမှာ မိုးအုံ့နေရရှာတော့မယ်... ၊၊

တိုးတိုးဆိတ်ဆိတ် မျှော်လင့်ခြင်းတွေ

သွေးထွက်အောင် မှားခဲ့ပြီးပြီလေ

ဘာဖြစ်သေးလဲ

သုံးရာသီ မှတ်တိုင်လေး ရယ်...

ငါ သွေးတိတ်အောင် မှားပစ်လိုက်ပါ့မယ်ကွယ်...၊၊

နောင်တစ်ချိန်ဆို

ဘယ် “နား” မှာ နင် ရောက်နေမလဲ

ဘယ် “အသံ” မှာ နင်ရောက်နေမှာလဲ

ဟောဒီမှာတော့

ကိုယ့်ကိုကိုယ် အေးခဲပစ်နေတဲ့ မြောက်ဝင်ရိုးစွန်းတစ်ကောင်ရှိနေပါတယ် ၊၊

အကျယ်ကြီး အော်ခေါ်ပြီးတဲ့နောက်

ငါ နင့်ကို တိုးတိုးလေး ထွက်သွားခိုင်းရတော့မယ်

ငါကလည်း

ကျဉ်းကျဉ်းကလေး ဝင်လာပြီးတဲ့နောက်

......... ................. .............................

ငါလဲ တိုးတိုးလေးပဲ ထွက်ခွာသွားပါတော့မယ် ၊၊

“ဒီတစ်ခါ ဝတ်မှုန်တွေကျဲပက်ပြီးရင်တော့

အထိမ်းအမှတ် တောအုပ်လေးကို

ထူထောင်ကြတာပေါ့”

တစ်ကယ့်ကို ဘုရားစူးတာပဲ

အဲ့ဒီ့ ကတိစကားလေးဟာ မိုးကြိုးပစ်အချခံလိုက်ရတယ် ၊၊

ငါ့ကို စိုက်ပျိုးတဲ့လက်နဲ့ပဲ

ငါ့ကို ရိတ်သိမ်းပစ်လိုက်ပါ

အဆုံးအဖြတ်တွေအရဆိုရင်

ဝတ်မှုန်တွေကို ပေါက်ခွဲခဲ့တဲ့

ဘယ်ဆံနွယ်မှာမှ အပြစ်မရှိပါဘူး ၊၊

နင့်လက်ဖဝါးပေါ်က

ငါ့ မြို့တော်လေးကို ပစ်ချခဲ့...

ပြက္ခဒိန်ထဲမှာ အသစ်တပ်လိုက်ရတဲ့နေ့

( ဝတ်မှုန်တွေ ရိတ်သိမ်းခံလိုက်ရတဲ့နေ့ )

ငါ တို့ ထပ်မတွေ့တော့ဘူး

ငါ တို့ ထပ် မ တွေ့ ကြ ရ တော့ ဘူး ၊၊ ၊၊

“ဇာတိ”

ဝတ်မှုန်တွေ ရိတ်သိမ်းခံလိုက်ရတဲ့နေ့ ( ဇာတိ )

Saturday, April 25th, 2009

0

~ ကောင်းကင်အလွန်ချိုင့်ဝှမ်း၏ တူးဆွခြင်း ~

Published at 7:09 PM in


ငါ့ကိုယ်ငါ ပြန်လည်တွေ့ရှိခဲ့တယ် ။
“ ငါ ” တဖြစ်လဲ ” ငါ မဟုတ်တဲ့ ငါ ” ၊

သို့မဟုတ် ..... .....

သက်ရှိရုပ်ကြွင်းတစ်ခု ၊

ခြေ လက်အင်္ဂါတို့ မပါရှိဘဲ ဦးခေါင်းပိုင်း နှင့် ကိုယ်ထည်ပိုင်း တို့သာ ၊
သော့အထပ်ထပ် ခတ်ထားတဲ့ ဦးခေါင်းခွံကို
ဖွင့်ဟပြီး တခုစီ ထုတ်ယူကြည့်မိရာ ပထမဆုံး မြင်ရသည်ကတော့ ပြက္ခဒိန်ဟောင်း ၆ ခု ၊
ထို့နောက် ..... ..... .....
ဖြူညစ်ညစ်မီးခိုးငွေ့များ ၊
ထက်ပိုင်းကျိုး ဆေးလိပ်တိုများ ၊

တဖွားဖွား တောက်နေတဲ့ မီးကြွင်းမီးကျန်များ ၊
လက်ညိုးထိုးမလွဲအောင်ရှိနေကြ ၊

ရံဖန်ရံခါ ထကြွသောင်းကျန်းတတ်သော သွားကိုက်ရောဂါပိုးမွှားများ ၊ တဟုန်ထိုးစိုက်၍ကျဆင်းနေသော လေတံခွန် ၊
သွေးထွက်သံယို ပုစ္ဆာတချို့  ၊

အောက်စီဂျင်နပ်မမှန်သော နေ့စွဲအထပ်လိုက် ၊

အငြင်းပွားဖွယ်ရာ ရလာဒ်များ ၊

ဆီစိမ်စက္ကူနှင့် ထုပ်ပိုးထားတဲ့ မှိုတက်နေသော လက်ရေးစာမူ ၊
ဟိုးအောက်ခြေနားမှာလည်း ပစ္စည်းတချို့ 
ဖျတ်ခနဲ တွေ့လိုက်ရတယ် ။
လက်လှမ်းမမှီတာနဲ့ပဲ ဦးခေါင်းခွံကို တွေ့မိတွေ့ရာနဲ့ ထက်ခြမ်းခွဲချလိုက်တော့
..... ..... ..... ..... ..... .....
အရင်ဆုံး ခုန်ထွက်လာတာက
သုညမပီသသေးတဲ့
( သို့မဟုတ် )
( ၁ ) တစ် ဖြစ်နေဆဲ သုညတစ်လုံး ၊ ညဘက်အိပ်မပျော်တတ်သော ရောဂါ ၊
( ညာဘက်ထောင့်စွန်းမှာ ကပ်နေလို့ မနည်းခွာယူလိုက်ရတယ် )
ထပ်ခါတလဲလဲ အရောင်တင်ထားရတဲ့ ဒဿနအတွေးအခေါ်တချို့  ၊
သေတ္တာတလုံးထဲ သေသေသပ်သပ်ထည့်ထားတဲ့ အိပ်မက်တခုစာ ဆောက်ထားတဲ့ ခရမ်းနုရောင် တိမ်တိုက် ၊
( ထွက်ပြေးနေလို့ မနည်းနဖားကြိုးပြန်ထိုးလိုက်ရတယ် )
ဘာတွေကျန်ဦးမလဲလို့ သွန်ချကြည့်လိုက်တယ် ။
တခုမှထွက်ကျမလာတော့ဘူး ။

ခွဲထားတာကို နေသားတကျ ပြန်ချုပ်တော့မှပဲ လှစ်ခနဲ တခုမြင်ဖြစ်အောင် မြင်လိုက်သေးတယ် ။
လက်နဲ့ စမ်းကြည့်တော့လဲ မထိမိဘူး ။

ဟုတ်တယ် ..... ..... .....

အဲဒါ “
ပြီးပြည့်စုံသော မရှိခြင်း သဘောတရား
..... ..... ..... ..... ..... ..... ..... ..... ..... .....
..... ..... ..... ..... ..... ..... ..... ..... ..... .....
..... ..... ..... ..... ..... ..... ..... ..... ..... .....
..... ..... ..... ..... ..... ..... ..... ..... ..... .....
..... ..... ..... ..... ..... ..... ..... ..... ..... .....
ကိုယ်ထည်ပိုင်း ။

ဒီတခါရော ဘာတွေထွက်လာဦးမလဲ ၊

ဒီရင်ဘတ်ထဲ ဘာတွေရှိနေမလဲ ၊

ဘာတွေ ..... ..... ဘာတွေ ..... .....

ဘာတွေ .....ဘာတွေ ..... ဘာတွေ

..... ..... ..... ..... ..... ..... ..... ....
သံချေးတက် ဓားတစ်ချာင်းနဲ့ပဲ
ကျောရိုးတလျောက် ခွဲချကြည့်လိုက်တယ် ။ တချွင်ချွင်အသံပေးနေကြားမိ ၊
မသုံးဖြစ်ခဲ့သော ငွေအကြွေစေ့ ၁၂ စေ့ ၊

စာအုပ် ၃ အုပ်စာခန့် ရေးလက်စ စက္ကူစုတ်များ ၊
ရက်လွန်နံရိုးကင်တစ်ချောင်း ၊
အမှောင်ထဲမှာပင် ခလုတ်လာလာတိုက်သော ပြဿနာများ ၊
လက်ဗွေရာမျိုးစုံနှင့် ဂဏန်းပေါင်းစက် ၊

တရုတ်စကားပင် ၊
အစွယ်ချိုးချိုးနေရတဲ့ တောကြီးမြွေဟောက် ၊

ချဉ်သိုးသိုးအနံ့ရတာနဲ့ နဲနဲမွှေကြည့်လိုက်တယ် ။

ဝေမျှရန် ဆိုသော ပေါင်မုန့်တစ်လုံး ၊

မိုး လေကင်းစင်တဲ့ စပျစ်သီးချဉ် ၄ လုံး ၊

ပြဌာန်းချက်တွေ ထိုးကြိတ်ထည့်ထားတဲ့ အရောင်မွဲမွဲ ကချင်လွယ်အိတ်တစ်လုံး ၊
နှုတ်ခမ်းပဲ့ ဖန်ခွက်တစ်လုံး ၊

ပျောက်ဆုံးနေသော တထောင့်တည ပုံပြင်များ နှင့် အရှိုက်တည့်တည့်ကို မှန်တဲ့ စကား နှစ်ခွန်း ။ တခုချင်း ထုတ်ကြည့်နေရတာ
လက်အံသေလာတာနဲ့ သွန်ချလိုက်တယ် ။

တဒုန်းဒုန်းမြည်သံနဲ့ လတ်စမသတ်ရသေးတဲ့ ရင်ခုန်သံ လက်ကျန် ၊
ဘယ်သူရွေ့ သွားမှန်း မသိတဲ့ ဒိန်ခဲ ၊

ကကြိုးတန်ဆာတောက်ပနေတဲ့ မြင်းရိုင်းတစ်ကောင် ၊
မြှားချက်ဗလပွနဲ့ ကတုတ်ကျင်း ၊

မဆုတ်ဖြဲဖြစ်ခဲ့သော စစ်မျက်နှာစာ ၊
ရင်ဘတ်တချက်တချက် အောင့်ခြင်း နှင့်
ယခု ရေးနေသော ကဗျာ ။
ဘာမှ ထပ်ပြီးကျမလာတော့ဘူး ။

ဘာမှ ထပ်ပြီးကျမလာတော့ဘူး ။

ဘာမှ ထပ်ပြီးကျမလာတော့ဘူး ။



သိုးမဲ ( BrOkEN )