0

ချစ်သု ဆင်ဖိုနီ

Published at 5:27 PM in


လူတစ်ယောက်ရဲ့ အိပ်မက်တွေကို ဖျက်လို့ဖျက်ဆီး

နတ်သမီးဆိုတဲ့ဒင်းကလေးအတွက်...

ဝင်သက်မှာ သတိရခြင်း

ထွက်သက်မှာ လွမ်းဆွတ်မှု

အဲ့ဒိလိုနဲ့...ကဗျာတစ်ပုဒ်ရဲ့ ၀င်သက်ထွက်သက်ဆိုတာ...။ ။

ဥယျာဉ်ထဲမှာ လူတွေကအများကြီး

ပန်းကလေးကတစ်ပွင့်ထဲ

ဘယ်နှယောက်စာမွှေးနေရတာလဲကွယ်

ပန်းကလေးရယ်... ငါမောတယ်။ ။

ဒီမနက်တိုင်းမှာငါလေလွမ်းတတ်ခဲ့ပြီပဲ

ကမ္ဘာတစ်ခြမ်းစာအလွမ်းနဲ့ ထုဆစ်ထားတဲ့မျှော်စင်

လှမ်းကြည့်ရင်တော့ မြင်ရလိမ့်မယ်...

ဟန်ဆောင်ကောင်းသူတစ်ယောက်က

သူ့နှလုံးသားကို...

ရင်ဘတ်ဟဗြဲကြီးနဲ့ ဖုံးဖိထားလေရဲ့...။ ။

တကယ်ဆိုရင်...လိုအပ်ချက်ကွက်လပ်တွေသိပ်များလွန်းနေလို့

တကယ်ဆိုရင်...နက္ခတ်ဆိုးတွေရဲ့အငြိုးကြောင့်

လက်ဖ၀ါးမိုးကောင်းကင်ဟာ

လွင်ပြင်ထဲက ကန္တာရပင်တစ်ပင်...

တကယ်ဆိုရင်...နင်မရှိတဲ့နေ့ရက်တွေကိုရှေ့ဆက်နိုင်ဖို့ ။ ။

နောင်တစ်နေ့တော့...ပြန်တွေ့တာပေါ့

နောင်တစ်နေ့တော့...ငါတို့နှစ်ဦးဖြစ်နိုင်ရင်

ဖြစ်နိုင်မလားမသိဘူးဆိုတဲ့မုန်ယိုဆင်ကို

အပ်ချည်ကြိုးတစ်ပင်နဲ့ရစ်ပတ်ခိုင်မာ

ငါ့ကိုယ်ငါ...လှည့်ပတ်လိမ်ညာ ။ ။

ဇာတ်သိမ်းခန်းမှာ

ကဗျာဆရာရဲ့ဘ၀ဟာ ကဗျာမဆန်ဘဲ

ကဗျာဆရာရဲ့ကဗျာဟာ ဘ၀ဆန်လာတယ်

ဇာတ်သိမ်းခန်းပြီးတော့...မင်းသမီးလေးအကယ်ဒမီရသွားတယ်။ ။

ကြယ်ရိုင်း

Spread The Love, Share Our Article

Related Posts

Post Details

No Response to "ချစ်သု ဆင်ဖိုနီ"

Post a Comment

ပြောသွားကြတယ်....