0

ကြိုးပြတ်သွားသောတိမ်(shwegold)

Published at 5:21 PM in


ငါ့အသက်နာရီကို

စည်းချက်နဲ့ ညီစေခဲ့သူ

နှလုံးသားအဟောင်းလေးထဲ

အိပ်မက်အသစ်တွေ လောင်း,လောင်းထည့်

အခုဆို………..သူ့ရဲ့ခြေလှမ်းတောင် သံစဉ်တစ်ပုဒ်ဖြစ်ခဲ့ပြီ်

မင်းလက်တွေလှုပ်ရမ်းခြင်းကပဲ

နှုတ်ဆက်ခြင်းကို အမည်မဖော်ပဲရောက်ရှိစေခဲ့သလား

ကွဲအက်လုကြည်နှုးမှုတွေနဲ့

တစ်ဖက်သက်စစ်မျက်နှာမှာ

အရာရာပြီးဆုံးတော့မှာလား

ခဏတာသာစီးမျောခွင့်

လမ်းဟောင်းလေးက တမ်းတတယ်……..ဟန်နီ

ငါ့နှလုံးသားရပ်နေတာက

မင်းရင်ခွင်ကမ်းပါး..

ရှေ့ဆက်တိုးရင်

ပြုတ်ကျမယ်မှန်း သိခဲ့ပေမယ့်

ငါ့ခြေလှမ်းတွေ

တစ္ဆေ ၀င်စီးခဲ့လေတော့ ....။

(shwegold)

Spread The Love, Share Our Article

Related Posts

Post Details

No Response to "ကြိုးပြတ်သွားသောတိမ်(shwegold)"

Post a Comment

ပြောသွားကြတယ်....