0

ပျောက်ဆုံးနေတဲ့ ညစောင့်တဦးရဲ့အိပ်မက်(နေမျိုး)

Published at 4:05 PM in

ပျောက်ဆုံးနေတဲ့ ညစောင့်တစ်ဦး၏ အိပ်မက်

Tuesday, June 16th, 2009


ငတ်မွတ်နေတဲ့ လူတစ်ယောက်ကို
"အစားအစာ" နဲ့ "ဘုရားသခင်"
ဘယ်သူ့ကို ပိုယုံကြည်လဲမေးရင်
ဘာဖြေလိမ့်မယ် ထင်သလဲ ။

အစကတည်းက လှည်းစားခံရ
စွတ်ပြုတ်တစ်ခွက်ဟာ
တချို့သူအတွက်
အပျော်တမ်းစားသောက်စရာ ဖြစ်ပေမယ့်
ညနေစာ မစားရသေးတဲ့ ညစောင့်အတွက်တော့
ဒါဟာ
ပိုပြီး အရေးတကြီးလိုအပ်သင့်တဲ့အရာ ဖြစ်နေပေါ့။

အားလုံး ပြည့်ပြည့်၀၀ပြီးဆုံးသွားတဲ့ ကောင်းကင်ကြီးအောက်
ဆာလောင်နေတဲ့မျက်လုံးတွေကို မြင်ရတာလောက်
ဝမ်းနည်းစရာ မရှိဘူး ။

အဲဒီ မျက်လုံးတွေဟာ ကြယ်ကလေးတွေလိုပဲ
အကြေကွဲဆုံးစကားတွေနဲ့ တလက်လက်တောက်ပနေတတ်လို့။
ဆိုင်နဲ့ အိမ်တံခါးပေါက်တွေလည်း
ပိတ်သွားပြီ
ဒီမြို့ကြီးမှာ
စွတ်ပြုတ်တစ်ခွက် ဘယ်နေရာကမှ မရနိုင်တော့ဘူးလား ။

ဘုရားသခင်ဟာ
တချို့သူတွေကို နည်းနည်းပိုပေးလိုက်တာကြောင့်
တချို့သူတွေမှာ လုံးဝမရတော့တာလား
လမ်းပေါ်မှာရပ် စဉ်းစားဆဲ ။

နေမျိုး

Spread The Love, Share Our Article

Related Posts

Post Details

No Response to "ပျောက်ဆုံးနေတဲ့ ညစောင့်တဦးရဲ့အိပ်မက်(နေမျိုး)"

Post a Comment

ပြောသွားကြတယ်....