Beginner တွေက
ကံကောင်းတယ်လို့ ဘယ်သူပြောတာလဲ
တာထွက်မှာကတည်းက
အလဲ ထိုးခံလိုက်ရတဲ့
ငါ့ နှလုံးသား
မသေခင်က နွမ်း
သေသော်လည်း လွမ်းခဲ့ရတယ်။
သေခါနီး ထွက်ဆိုချက်က
သက်သေခံဝင်တယ် တဲ့
ငါ... ဘယ်သူကိုတိုင်တန်းရမလဲ
ငါ တို့ .......
အတူသွားခဲ့တဲ့ နေရာတွေ အကြောင်း
အတူကြည့်ခဲ့တဲ့ ရုပ်ရှင်တွေ အကြောင်း
အတူရိုက်ခဲ့တဲ့ ဓါတ်ပုံတွေ အကြောင်း
ကြယ်တွေ ရူးသွပ်သွားကြတဲ့ ညတွေ အကြောင်း
မင်း ငါ့ကို ဘယ်လိုသက်ခဲ့တယ် ဆိုတဲ့ အကြောင်း
ဒါတွေ အားလုံးကို
ငါ တပါတည်း နှုတ်ဆိတ်ပြီးယူသွားတယ်
အဲ ..မင်း အားမယ်ဆိုရင်တော့
ခဏဖြစ်ဖြစ် လှည့်ဝင်ခဲ့ပါကွာ
မနက်ဖြန် ငါ့ နှလုံးသား
နှစ်ပတ်လည် ဈာပန ရှိတယ်လေ၊။
အတွေးရုပ်ကြွင်းများ
8 years ago

No Response to "ထုတ်ဖေါ်ခွင့်မရှိသော သက်သေခံများ"
Post a Comment
ပြောသွားကြတယ်....