မုန်းလိုက်စမ်းပါ
ငါလို နှတ်မဆက်ပဲ ခွဲခွာသူကို
အမှားကို အမှားလို့ မြင်မိမှ
ငါ့ လမင်းလေးပြန်မြင်ရဖို့
တိမ်ညိုတွေ ကို လိုက်မောင်းရင်း
ရယ်သံ တစွန်းတဆ
ကြားလိုက်တယ်။
အပြုံးတချက် နဲ့
နှလုံးသားတည့်တည့်
အဆုံး အစ တဖက်စီမြင်ရအောင်
ရိုက်သွင်းခဲ့တာ
သံယောဇဉ်တွေ လား
အဆုံးသတ်ခြင်းတွေ လား။
အတွေးရုပ်ကြွင်းများ
8 years ago
No Response to "ဘာကြောင့်လည်း မမေးပါနဲ့"
Post a Comment
ပြောသွားကြတယ်....