0

ရူးသွပ်စေခဲ့သော လေညှင်း...!

Published at 1:31 AM in

"ရူးသွပ်စေခဲ့သော လေညှင်း...!"

တချိန်က တောင်းတခဲ့တဲ့ လေညှင်းရေ...!
အရာရာ ဆိတ်သုန်း
ငါ့စိတ်တွေ ဘုန်းဘုန်းလဲတဲ့ နေ့ကို
မင်း စောင့်နေတာလား။

သစ္စာတော် ခြေရင်း
ပြားပြားဝပ် ခစားစဉ်က
နှလုံးသား အဆို့ရှင်လေးကျပျောက်ခဲ့လို့
ကြုံတုန်းကြုံခိုက် ဆိုပြီး
ဟော ဟိုက တောင်အစွန်းမှာ
ငါ့ နှလုံးသွေးတွေကို
သမုဒ္ဒရာမက သွန်ချခဲ့ဖူးတယ်။

ခု... မင်းမရှိတော့တဲ့ အခါ
ငါ့ ဘ၀ နဲ့ ရင်းပြီး
ခရောင်းလမ်းမှာ ကျဲထားတဲ့ပန်းတွေကို
ဘယ်သူ ပြန်ကောက်ပေးမှာလဲ...?
တခါတလေ ဟ ဟ လာတဲ့
ငါ့ ရင်ဘက်က ကွဲအပ်ကြောင်းရာတွေကိုရော

ဘယ်သူ ဖာထေးပေးမှာလဲ...?

မသိတဲ့ လူတွေကတော့
ကင်ပွန်းတက်ကြတယ် "အရူး" တဲ့
ယဉ်ပါးနေတဲ့ ဒီနာမည်အတွက်
ငါ အမြတ် တစ်ခုရလိုက်တာက
မင်း ရဲ့ သတင်း
ပန်းရနံ့သင်းတဲ့ လေညှင်းလေးက
တောင်ဝင်ရိုးစွန်းဘက် သွားတယ်တဲ့လေ
ကောင်းပြီ မင်း ပြန်လာမယ့်နေ့
ပထမဆုံး နဲ့ အရင်းဆုံး နမ်းရှိုက်ခွင့်ရဖို့
Cape of Good Hope က
မီးလင်းပြတိုက်မှာ
အသွေးအသားတို့ကို လောင်မြိုက်စေလျက်
ငါ့ဝိညာဉ်ရဲ့ လင်းပြပြ
မင်း........... မြင်ရစေလိမ္မယ်...။








Spread The Love, Share Our Article

Related Posts

Post Details

No Response to "ရူးသွပ်စေခဲ့သော လေညှင်း...!"

Post a Comment

ပြောသွားကြတယ်....