0

တချိန်ကဆိုပေမယ့်......

Published at 11:50 PM in

"တချိန်ကဆိုပေမယ့်......"

တိမ်ညွန့်တွေကို လိုချင်လို့
လက်တကမ်းစာ သစ်ပင်ဖျားပေါ်တက်ရင်း
ရေရှာနေတဲ့ ငါးလေးတစ်ကောင်ကောက်ရခဲ့တယ်။

မနက်ဖြန်ဆိုတာ
လင်းလား မှောင်လား မသိခင်ကတည်းက
မျက်စိမှိတ်ပြီး လမ်းလျှောက်ကျင့်ခဲ့သလို
အနာဂတ်ဆိုတာ တောက်ပနေတာလား
ဒါမှမဟုတ် လောင်မြိုက်နေတာလား
ငါ မသိချင်ဘူး...။

ပေါင်မုန့်တလုံး ကိုက်ရင်း
မဲ့ပြုံးပြုံးလေးနဲ့
ပစ္စုပ္ပန်တည့်တည့်မှာ
ကျောက်ဆူးချပြီး ထိုင်နေတုန်း
April နွေနေ့လယ်ခင်းမှာ
ကြယ်တွေ တဖွဲတဖွဲကြွေတယ်...။

တွေ့လိုက်တဲ့ ..ငါ ကရော
ငိုရမှာလား ....ပျော်ရမှာလား...။

ထားလိုက်ပါတော့ လေ
မညစ်ခဏ ညစ်ခဏနဲ့
အကြိမ်ကြိမ် အခါခါ
အသစ်က ပြန်စလို့ရရင်တောင်
ငါ့ကို နည်းနည်းလေးတော့ ခိုးကြည့်ခွင့်ပေးကွာ...။







Spread The Love, Share Our Article

Related Posts

Post Details

No Response to "တချိန်ကဆိုပေမယ့်......"

Post a Comment

ပြောသွားကြတယ်....