0

ဟာသ အတိုများ..(၁၁)

Published at 6:05 PM in

တွေးတွေးပြီး ရီ(ရယ်)
>
> ၁)
> နာမကျန်းတဲ့ အဘိုးအိုတစ်ဦး ဆရာဝန်သွားပြတော့ ဆရာဝန်က စမ်းသပ်ပြီး
> ရောဂါအခြေအနေ ဆိုးမှန်းသိတော့ အဘိုးအို လုပ်သင့်တာ လုပ်နိုင်အောင်
> မကွယ်မ၀ှက်ဘဲ ပြောပြလိုက်တယ်။
>
> ဆရာဝန်က အဘိုးအိုကို "ခင်ဗျားလည်း ခင်ဗျားရောဂါ အခြေအနေအမှန်ကို
> သိချင်နေမယ်ထင်တယ်။ အခြေအနေကတော့ သိပ်မကောင်းဘူး။ ခင်ဗျားဘယ်သူနဲ့
> တွေ့ချင်သလဲ ပြောပါ ကျွန်တော် ကူညီမယ်" လို့ ပြောတော့ အဘိုးအိုက
> ခေါင်းညိတ်ပြီး လေသံ တိုးတိုးလေးနဲ့ " ဟုတ်ကဲ့... ကျွန်တော် နောက်ဆရာဝန်
> တစ်ဦးနဲ့ တွေ့ချင်တယ်" လို့ ပြောလိုက်တယ်။
>
> ၂)
> အမျိုးသမီးတစ်ဦး ကလေးခေါ်ပြီး ကလေးဆေးရုံကို ရောက်လာခဲ့တယ်။
> ဆရာဝန်။....။ ကလေးကို မိခင်နို့ တိုက်တာလား.. နွားနို့တိုက်တာလား...
> အမျိုးသမီး။....။ မိခင်နို့ပါ။
> ဆရာဝန်။....။ ကျွန်တော် စမ်းသပ်မလို့ ခင်ဗျား အင်္ကျီကို ချွတ်လိုက်ပါ။
> အမျိုးသမီး။...။ ဟင်.. ဘာလို့လဲ..
> ဆရာဝန်။....။ စိတ်မပူပါနဲ့။ ဒါ ဆေးရုံပါ။ ကျူးလွန်တာတွေ မရှိပါဘူး။
>
> အမျိုးသမီးက ယုံတစ်ဝက် မယုံတစ်ဝက်နဲ့ ဆရာဝန်ရဲ့ အစမ်းသပ်ကို ခံလိုက်တယ်။
> ခဏလောက် စမ်းသပ်ပြီး ဆရာဝန်က " ခင်ဗျားမှာ မိခင်နို့ရည်မှ မရှိတာ။
> ဒါကြောင့် ကလေးက အာဟာရ ပြတ်နေတာပေါ့" လို့ ပြောတော့ အမျိုးသမီးက
> "ကျွန်မမှာ ဘယ်လိုလုပ်ပြီး မိခင်နို့ရည် ရှိမလဲ။ ကျွန်မက သူ့အန်တီ" လို့
> ဒေါသတကြီး ပြန်အော်လိုက်တယ်။
>
> ၃)
> ဆေးခန်းကို လူနာတစ်ယောက် ရေးကြီးသုတ်ပြာ ပြေးလာပြီး
> "ဆရာ..ဆရာ.. ကျွန်တော့်ကို ကယ်ပါ။ ကျွန်တော် ဓာတ်ဆီ မှားသောက်မိလို့"
> လို့ ပြောတော့ ဆရာဝန်က " ကိစ္စမရှိဘူး။ ဒီရက်အတောအတွင်း ခင်ဗျား
> ဆေးလိပ်မသောက်နဲ့" လို့ ပြန်ဖြေသတဲ့။
>
> ၄)
> လူနာ။....။ ဆရာ ကျွန်တော် ချောင်းအရမ်းဆိုးနေတယ်။
> ဆရာဝန်။...။ ခင်ဗျား အသက်
> လူနာ။....။ ၇၅ပါ ဆရာ
> ဆရာဝန်။....။ အသက် ၂၀မှာ ချောင်းဆိုးဖူးလား...
> လူနာ။....။ မဆိုးဖူးပါဘူး
> ဆရာဝန်။....။ အသက် ၄၀မှာရော ဆိုးဖူးလား...
> လူနာ။....။ မဆိုးဖူးပါဘူး
> ဆရာဝန်။....။ ဒါဆို ခုအသက်အရွယ်မှာမှ ချောင်းမဆိုးရင် ခင်ဗျား
> ဘယ်အရွယ်မှာမှ ချောင်းဆိုးချင်သလဲ...
>
> ၅)
> လက်ဖျားခြေဖျား အေးတတ်တဲ့ လူနာတစ်ယောက်က ဆရာဝန်လာပြတော့ ဆရာဝန်က
> "ကျွန်တော်က လက်ဖျားခြေဖျားအေးရင် ကျွန်တော့်မိန်းမကို ဖက်ထားလိုက်တယ်။
> သူ့ကိုယ်ငွေ့နဲ့ နွေးလာရော" လို့ အကြံပေးတော့ လူနာက " ဒီအကြံ မဆိုးဘူး
> ဆရာ.. ဒါနဲ့ ဆရာကတော် ဘယ်တော့ အားလဲဟင်" တဲ့။
>
> ၆)
> " ခွဲစိတ်တဲ့ အခြေအနေ ဘယ်လိုနေလဲ ဆရာ"
> "အော်... ဒီတစ်ခါနဲ့ဆို ကျွန်တော် ခွဲစိတ်တာ ၉၇ကြိမ် ရှိခဲ့ပြီ"
> "ဟာ.. ဒါဆို ကျွန်တော် စိတ်ချရပြီဆရာ"
>
> "အင်း... ကျွန်တော်လဲ ဒီတစ်ကြိမ်တော့ အောင်မြင်မယ်လို့ ထင်ပါတယ်"
>
> ဖတ်မိတဲ့ ဟာသလေးတွေပါ။ ဟာသလေးတွေနဲ့ ရီချင်တယ်ဆိုလို့ပါ။ ရီရလား မရီရတော့
> မသိဘူး။ ဘာပဲဖြစ်ဖြစ် ရီကြပါနော်။ ရီသောသူ အသက်ရှည်၏တဲ့...

Spread The Love, Share Our Article

Related Posts

Post Details

No Response to "ဟာသ အတိုများ..(၁၁)"

Post a Comment

ပြောသွားကြတယ်....