အချစ်မူး
ငါဟာလေပြေတလက်ရဲ. တိမ်တခက်
လွမ်းရတာတောင်နေရာမရဘူး
လွင့်နေရတာကကမ္ဘာအနှံ.
ငါဟာအချစ်သောက်လွန်လို.
အလွမ်းမူးနေသူတစ်ယောက်လေ
သမုဒ္ဒရာထဲရောက်မှပဲ
ငါ့အချစ်တွေအန်ရတော့တယ်
နောက်ဘယ်တော့မှပြန်မကောက်တော့ဘူး…။
မြတ်သူ
သို့ ....ချစ်သူ
သြော်......
ရေးချင်သော်လည်း... ရေးရခက်သည့်
ထိုထိုစာကို ...........
အဘယ်ကဲ့သို့ များရေးရပါမည်နည်း။
စဉ်းစားသော်လည်း.... စဉ်းစားမရ
စိတ်တွေကဘယ်ကိုများရောက်နေပါလိမ့်။
ကိုယ်ကသာဒီလို..... သူကတော့သိမည်မထင်.....
ဒါပေမယ့်အပြစ်မဆိုချင်.......
ကံတရားလို့ သာထင်.......
အခွင့်ကြုံလို့ ... ပြန်ဆုံခွင့်ရမည်ဆိုလျှင်......
ပြန်ဆုံချင်ပါသေးသည်။...........
အဖြူလေး
ချစ်သူ
အလွမ်းတွေရင်မှာ
ပြည့်နှက်လို့သာနေပါတော့တယ်
ချစ်သူရယ်.....
ချစ်သူသာ ကိုယ့်ဘ၀ရဲ့
အလင်းရောင်ဆိုရင်
ချစ်သူက ကိုယ့်အတွက်အလင်းရောင်လေးပေးမှာလား
ချစ်သူကပေးတဲ့အလင်းရောင်က
နေမင်းလောက်အလင်းရောင်မပေးရင်တောင်
ကြယ်လေးတွေလောက်ပေးရင်ကိုပဲ
ကိုယ်ကမြတ်နိုးနေမှာပါကွာ...
ကိုယ်ကကန္တာရထဲမှာရောက်နေလို့ရေဆာနေရင်
ကိုယ်လိုအပ်နေတဲ့ရေကြည်လေးကို
သမုဒ္ဒရာလောက်မပေးနိုင်ရင်တောင်
ရေကြည်လေးတစ်ပေါက်လောက်ပေခဲ့ရင်တောင်
ကိုယ်ကအဲဒီရေကြည်လေးကိုပဲ
မြတ်နိုးနေမှာပါကွာ...
ဘ၀မှာကိုယ်အလိုအပ်ဆုံးကချစ်သူလို့ဆိုခဲ့ရင်
ချစ်သူက ကိုယ့်အနားမှာရှိနေခဲ့ရင်
ကိုယ့်အတွက်အရာရာဟာပြီးပြည့်စုံ နေပြီဆိုတာကို
ချစ်သူသိနေရင်ပဲ ကိုယ်ကကျေနပ်နေသူဆိုတာကို
ချစ်သူသိနေရင်ပဲကိုယ်ကကျေနပ်နေမှာပါ
ချစ်သူရယ်......
ချစ်သူတိုင်းထာဝရလက်တွက်နိုင်ပါစေလို့...........
ဆုတောင်းလိုက်ပါတယ်။။
KOPHYO
နှစ်ဟောင်းတွေ ကုန်ခဲ့ပြန်ပြီ
ဟောဒီကအလွမ်းဟောင်းတွေ
ဘယ်နှစ်ရာသီ သိမ်းပိုက်ရမလဲ..။
မွန်းကြပ်လွန်းတော့....!
လူတွေသိအောင် မဟောင်ပြတော့ဘူး....
မင်းက
တိတ်တိတ်လေးနဲ့ ခက်တဲံသတ္တ၀ါ
ဘယ်ဘာသာဗေဒနဲ့ လေ့လာရမလဲ....
ချစ်ရတာ တစ်ခါ..တစ်ခါ...
(သူရူးတစ်ယောက်လို)
အမှောင်ချုပ်ချုပ်မှာ
ဟစ်ကြွေးလိုက်ချင်ရဲ့....
ဒီတစ်နှစ်လဲ
နားလည်မှု သာယာမှု
အို..စုံလို့ပဲ...
မင်းမျက်ဝန်းတွေ က ခြောက်ကပ်ကပ်နဲ့
လတ်ဆတ်မှုတွေ
ဘာလို့ ငါမဖတ်တတ်ခဲ့ရတာလဲ...။
နွမ်းလွန်းလို့ မင်းကိုလွမ်းစရာ
အလွမ်းကောင်းကောင်း အင်္ကျီတစ်ထည်တောင်
မလွှမ်းပေးထားနိုင်ဘူး....။
ဒီလိုနဲ့
နှစ်ဟောင်းတွေတောင်
ကုန်ခဲ့ပြန်ပြီလေ.....။
"မြူခိုး"
အရုပ်ထင်သွားသောဆေးစက်များ
ကိုယ့်အကြောင်းကိုယ်
ကပေါက်ချာတွေး
ကဗျာတစ်ပုဒ်ရေးတယ်။
` ခင်မင်မှုနဲ့  ချစ်ခြင်းကို
ခဏ ခဏ
ချော်လဲ ရောထိုင်လုပ်တယ်။
ဂဃနဏ မသိပဲနဲ့ 
ဂျောင်ထဲ သွားပြီး
ဂျင်ပေါက်တယ်။
ငါးပွက်ရာ ငါကိုယ်တိုင်
ငါးစာချ ခံ ရလို့ 
ငိုကြွေးရတယ်။
စာမေးပွဲခန်းထဲ
စိမ်ပြေနပြေ
စာခိုးချတယ်။
ဆုံးမတာကို နားမထောင်
ဆင်သေကို
ဆိတ်သားရေနဲ့ ဖုံးတယ်။
ဇိမ်ခံချင်လို့ 
ဇီးပင်အောက်မှာ
ဇယ်တောက်တယ်။
ဈေးသည်တစ်ယောက်ရဲ့ 
ဈာပန ကို
ဈေးဝယ်မိလို့  လိုက်ပို့ ရတယ်။
ညအခါ
ညောင်းလွန်းလို့ 
ညောင်ပင်အောက်မှာသွားထိုင်တယ်။
တနင်္ဂနွေ နေ့ မှာ
တိမ်တောက်တာကိုကြည့်ပြီး
တောင်တောင်အီအီ စဉ်းစားတယ်။
ထင်ပေါ်ချင်လို့ 
ထမင်းစားခါနီး
ထိုင် ထ လုပ်တယ်။
ဒုက္ခနဲ့ စာရင်းရှင်းဖို့ 
ဒီတစ်နေ့ လုံး
ဒါးသွေးတယ်။
ဓနိမိုး ထရံကာအိမ်ထဲ
ဓနိရည်သောက်ပြီး
ဓမ္မဒိဋ္ဌာန် ဖြေတယ်။
နေ့ ခင်းကြောင်တောင်
နံဘေးကကောင်ကို
နားရင်းအုပ်တယ်။
ပက်လက်လှန်ပြီး
ပိတ်ထားသမျှဖွင့်ထုတ်
ပေါက်တက်ကရတွေးတယ်။
ဖာတောင်းထဲ
ဖားတစ်ကောင်ထည့်
ဖင်ခုထိုင်တယ်။
ဗလကြီးအောင်
ဗမာ့နည်း ဗမာ့ဟန်နဲ့ 
ဗာဒံသီးထုစားတယ်။
ဘယ်သူ့ မှမခေါ်ပဲ
ဘုရားခန်းထဲ
ဘူကြီးပွတ်တယ်။
မျှော်လင့်ချက်များစွာနဲ့ 
မင်းအကြောင်းကို
မနက်အထိတွေးတယ်။
ယောက်ဖရှေ့ မှာ
ယင်ကောင်ကို
ယောင်းမနဲ့ ရိုက်တယ်။
ရန်ပွဲကို
ရဲမလာခင်ထိ
ရပ်ကြည့်တယ်။
လသာတဲ့ အချိန်
လှံတစ်ချောင်းကို
လှမ်းတွေ့ တယ်။
ဝက်တစ်ကောင်ကို
ဝ လာမလားလို့ 
ဝမ်းနှုတ်ဆေးတိုက်တယ်။
သူတစ်ပါးအကြောင်း
သိပ်မသိဘဲ
သောက်တင်းပြောတယ်။
ဟောင်းနွမ်းနေတဲ့
ဟာသတစ်ပုဒ်ကို
ဟင်းချက်စားတယ်။
အဆုံးထိဖတ်တဲ့ 
အသင့်အား
အားနာမိတယ်။
သုဏော်စိုင်း
အတွေးရုပ်ကြွင်းများ
8 years ago
No Response to "ကဗျာ..........."
Post a Comment
ပြောသွားကြတယ်....