1

ဟာသ အတိုများ..(၇)

Published at 12:37 AM in

၁) ခေတ်သစ် ဂျင်မီနီ

ယောက်ျာကြီးတယောက် ပုလင်းတလုံးကို အမှတ်မထင်တွေ့သည်။ ပုလင်းအဖုံးကို
ဖွင့်လိုက်သည်ရာ အထဲမှ ဂျင်မီနီ ထွက်လာသည်။

"ဟေ့ မင်းဘယ်သူလဲ"
"ဂျင်မီနီပါ သခင်"
"လိုချင်တာ ရအောင်လုပ်ပေးနိုင်တဲ့ ဂျင်မီနီလား"
"ဟုတ်ပါတယ် သခင်"
"ဒါဆို ငါ့ကို နိုင်ငံကူးလက်မှတ်ရအောင် လုပ်ပေးစမ်း"
"ငွေတသိန်းပေးပါ ရရစေ့ပါမယ် သခင်"

၂) တတ်ရဲ့သားနဲ့

မြို့တော်အတွင်း ကိုဘမောင် ကားမောင်းလာသည်။ ယာဉ်ထိန်းရဲက ကားကိုတားပြီးပြောသည်။
"ခင်ဗျား ကားကို သတ်မှတ်မိုင်နှုန်းထက် ပိုမောင်းလာတယ်။ ဘာကြောင့်လဲဆိုတာ
ဂျော်ဂျီယာ ဘာသာစကားနဲ့ ဖြေရှင်းချက်ရေးပါ။"
"ကျနော် ဂျော်ဂျီယာ ဘာသာစကားမှ မတတ်ဘဲ၊ ဘယ်လိုလုပ်ရေးရမှာလဲ"
"ဆင်ခြေမပေးနဲ့၊ ဂျော်ဂျီယာ ဘာသာစကားနဲ့ ရှင်းလင်းချက် ရေးပါ"
ကားဆရာ စိတ်ညစ်သွားသည်။ မည်သို့မျှ ရှင်းပြရ်ျလည်း မရ၊
နောက်ဆုံးတွင် စာရွက်တရွက်ကို ထုတ်ပြီး ငွေ ၁၀၀၀ တန်တရွက်ကို ညှပ်ပေးလိုက်သည်။
ထို့နောက် ယာဉ်ထိန်းရဲကို ကမ်းပေးလိုက်သည်။ ယာဉ်ထိန်းရဲသည် စာရွက်ကို
ဖြန့်လိုက်သည်။ ငွေစက္ကူကိုတွေ့သောအခါ ကားဆရာကို ပြောလိုက်သည်။
"ဂျော်ဂျီယာလို မတတ်ဘူးလို့ ဘာလို့ပြောတာလဲ အခုတောင်
တ၀က်ရေးပြီးနေပြီးပြီပဲ။ ဆက်ရေး"

၃) သက်သေ

အတန်းထဲတွင် ဖြစ်သည်၊ဆရာမက မေးသည်။
"ငါးလိပ်ကျောက်ဟာ ဘာဖြစ်လို့ ပြားပြားကြီး ဖြစ်နေရသလဲ"
ပီတာလေး လက်ညှိုးထောင်ပြီး ဖြေသည်။
"ဝေလငါးနဲ့ တူတူ အိပ်လို့ပါ"
"ပီတာ မင်း အခုချက်ချင်း အခန်းထဲက ထွက်သွားစမ်း"
က်ျသို့ အမိန့်ပေးပြီး ဆရာမက ဆက်မေးသည်။
"ကျောက်ပုဇွန်တွေရဲ့ မျက်လုံးတွေ ဘာဖြစ်လို့ ပြူးထွက်နေရသလဲ၊ ဘယ်သူ သိကြသလဲကွယ်"
ပီတာလေး နောက်လှည့်ပြီး အော်ပြောသည်။
"ဒါတွေ အားလုံး သူမြင်လိုက်လို့"


၎) အဖြေမှန်

ဇီဝဗေဒဘာသာရပ်ကို သင်ကြားနေချိန်တွင်ဖြစ်သည်။
ဆရာကတပည့်များကို ပြောသည်။
"တပည့်တို့ကို ဆရာ စကားထားတခု ၀ှက်မယ်။ သေသေချာချာ နားထောင်ကြ"
"မိကျောင်းနှစ်ကောင် ပျံသွားတယ်။ တကောင်က အစိမ်းရောင်၊ နောက်တကောင်က
အာဖရိကတိုက်ဘက်ကို ပျံသွားတယ်၊ ဆရာ့အသက် ဘယ်လောက်လဲ"
ကျောင်းသားအားလုံး ငြိမ်နေကြသည်။
နောက်ဆုံးခုံတွင် ထိုင်နေသော ပီတာလေးက ပြောသည်။
"ဆရာ့အသက် ၂၄ နှစ်"
"မှန်တယ် မင်းတော်တယ်။ ဒါနဲ့ မင်းက ဘယ်လိုလုပ် ဆရာ အသက်သိတာလဲ"

"ကျနော် အသက် ၁၂ နှစ်ရှိပါပြီ။ ပြီးတော့ ကျနော်ကို ဦးနှောက်တ၀က်
ချောင်တဲ့ကောင်လို့ အားလုံးက ပြောကြတယ်လေ"

၅) အိပ်မပျော်သောည

တည်းခိုခန်းပိုင်ရှင်က ဧည့်သည်ကိုပြောသည်။
"ညက ကောင်းကောင်း အိပ်ပျော်ပါရဲ့လား ခင်ဗျာ"
"မမေးရင် ပိုကောင်းမယ်၊ မနေ့ညက အိပ်ရာထဲမှာ ဂျပိုးအသေတကောင်ကို တွေ့ရတယ်"
"အသေတကောင်အတွက်နဲ့ ဒီလောက်တောင် စိတ်အနှောင့်အယှက်ဖြစ်သွားလားဗျာ"
"အသုဘကို လိုက်ပို့တဲ့ သူ့ဆွေမျိုးသားချင်းတွေကို ခင်ဗျားမြင်ရင်
ဒီစကားမျိုးပြောမှာ မဟုတ်ဘူး ဟင်းးးး"


၆) နိုင်ငံတကာ ပြိုင်ပွဲ

ကမ္ဘာ့ တပ်မတော်များအကြားမှာ ပေါင်မုန့်စား ပြိုင်ပွဲတခု ကျင်းပသည်။
တစ်ကြိမ်တည်းနှင့် မည်သည့် တပ်မတော်သားက အများဆုံး စားနိုင်သလဲ ဆိုသည်ကို
ဖော်ထုတ်မည့်ပွဲ ဖြစ်သည်။

ပထမဆုံး ဗလကောင်းကောင်းနှင့် အမေရိကန်စစ်သား ထွက်လာသည်။
ပေါင်မုန့်နှစ်လုံးကို စားလိုက်သည်။ နောက်ထပ် မစားနိုင်တော့။

ပြင်သစ်စစ်သားထွက်လာသည်။ ပေါင်မုန့် သုံးလုံး စားနိုင်သည်။ နောက်ထပ်
ထပ်မစားနိုင်တော့။

ဂျာမန်စစ်သား အလှည့်ရောက်လာသည်။ ပေါင်မုန့်လေးလုံးခွဲ ကုန်အောင်
စားနိုင်သည်။ နောက်ထပ်မစားနိုင်တော့…

မြန်မာစစ်သား ထွက်လာသည်။ တလုံးကုန်အောင်မပြောနှင့် လေးပုံတပုံတောင်
မနဲကုန်အောင် စားနေရသည်။

ဌင်းစစ်သားကို ပြိုင်ပွဲဝင်ရန်စေလွှတ်သည့် တာဝန်ခံအရာရှိအား
ကာကွယ်ရေးဝန်ကြီးက ခေါ်ပြီး ကြိမ်းမောင်းသည်။

"ဘယ်လိုကောင်မျိုးကို မင်းလွှတ်လိုက်သလဲကွ။ ငါလို အသက်ကြီးတဲ့ လူတောင်
ကြိုးစားစားရင် တလုံးတော့ ကုန်နိုင်ပါတယ်ကွ"
တာဝန်ခံဗိုလ်မှူးက ပြန်ပြောသည်။
"ဒီတပ်သားဟာ အခုလိုဖြစ်သွားတာနဲ့ ပတ်သက်ပြီး ကျနော်လဲ မစဉ်းစားတတ်အောင်
ဖြစ်ရပါတယ်။ ပြိုင်ပွဲ မစတင်မီ ၁၀ မိနစ်အလိုမှာ ကျနော်တို့ သူ့ကို
ကြိုတင်လေ့ကျင့်ခိုင်းတုန်းကတောင် တခါတည်းနဲ့ ၁၂လုံးကုန်အောင်
စားပြလိုက်သေးတယ် ခင်ဗျ"


သတ္တိရှိပါတယ်

စစ်အရာရှိကြီးသည် စစ်သားမှားနေထိုင်သော သုံးထပ်တိုက်အဆောင်ကိုဖြတ်လျှောက်လာသည်။
စစ်အရာရှိကြီးသည်စိတ်လက်ပေါ့ပါးရွှင်ပျနေသည်။ မမျှော်လင့်ဘဲသုံးထပ်အပေါ်မှနေ၍ညစ်ပုပ်သောရေကိုပက်ချလိုက်ရာတစ်ကိုယ်လုံးစိုရွှဲသွားသည်။
စောစောကပျော်ရွှင်နေသောစိတ်လုံးဝပျောက်သွားသည်။ ရှုံမဲ့ပြီး ရေကျလာသည့်သုံးထပ်တိုက်ပြတင်းပေါက်ဘက်သို့မော့ကြည့်သည်။မည့်သူကိုမှမမြင်ရချေ။
သို့နှင့်ကြားအောင်အော်ပြောသည်။
``ကိုယ့်မျက်နှာတောင်ကိုယ်မပြရဲတဲ့သတ္တိကြောင်တဲ့သူတွေ ဟင်း..´´
``ဘာလို့မပြရဲရမှာလဲ၊ပြရဲပါတယ်´´ဟူသော အသံကြားရပြီးပြတင်းပေါက်တွင်
ခေါင်းတစ်လုံး ပြူထွက်လာသည်။
ခေါင်းတွင် ဓါတ်ငွေ့ကာကွယ်ရေးကိရိယာကိုစွပ်ထားလေသည်။

ဘယ့်သူလက်ချက်လဲ

ဧည့်ခံပွဲတစ်ခုတွင်ဖြစ်သည်။
အမျိုးသမီးငယ်တစ်ဦး ဆွဲလာသော စိန်ဘယက်ကိုကြည့်ပြီးဧည့်သည်အားလုံးက
`လှလိုက်တာ၊လှလိုက်တာ´၀ိုင်းဝန်းချီးကျူးကြသည်။ချီးမွမ်းခံရသဖြင့် ပီတိဖြစ်မိသောအမျိုးသမီးသည်
အားပါးတရကြည့်ပါစေဟူသော ရည်ရွယ်ချက်ဖြင့် ဘယက်ကိုချွတ်ပေးသည်။စိန်ဘယက်သည် တစ်လက်မှတစ်လက်သို့ကူးသွားသည်။နောက်ဆုံးတွင်စိန်ဘယက်ပျောက်သွားတော့သည်။
အိမ်ရှင်ကစိတ်မကောင်းဖြစ်ရသော အသံဖြင့်ပြောသည်။ ``ကျီစားတာဆိုရင်လွန်သွားပြီဗျာ။အခုစားပွဲပေါ်ကိုကျွန်တော်ငွေဖလားတင်ထားမယ်။
မီးခလုတ်ကိုပိတ်လိုက်ပြီးတစ်ရာထိကျွန်တော်ရေမယ်။မီးကိုပြန်ဖွင့်လိုက်တဲ့အချိန်မှာ စိန်ဘယက်ကို ငွေဖလားထဲမှာပြန်တွေ့ရမယ်လို့ မျှော်လင့်ချင်ပါတယ်။ မီးကိုပြန်ဖွင့်လိုက်သည်....
ငွေဖလားကြီးမရှိတော့။



အတွေးအခေါ်
တစ်နေ့ အ.လ.က ကျောင်းတစ်ကျောင်းတွင် ဆရာမတစ်ဦးသည်သူမ၏ တပည့်တစ်ယောက်ကိုခေါ်ပြီးမေးခွန်းမေးခဲ့သည်
ဆရာမ ။ ။ သားသစ်ကိုင်းတစ်ကိုင်းပေါ်မှာ ငှက်လေးကောင်နားနေတယ်တစ်ကောင်ကိုသေနတ်နဲ့ပစ်လိုက်ရင်သစ်ကိုင်းပေါ်မှာငှက်ဘယ်နှစ်ကောင်ကျန်မလဲ ?
တပည့် ။ ။ တစ်ကောင်မှမကျန်ပါဘူး ဆရာမ ။ ဘာလို့လဲဆိုတော့ သေနတ်သံကြောင့် ငှက်တွေကထပျံသွားလို့ပါ
ဆရာမ ။သားအဖြေကမှားတယ်ကွဲ့ ငှက်ကလေးကောင်ကျန်ရမယ် ။ဒါမေမယ့်ဆရာမ သားအတွေးအခေါ်ကို
ကြိုက်တယ် ။
တပည် ။ ။ ဆရာမ သားဆရာမကို မေးခွန်းတစ်ခုထပ်မေးမယ်နော် ။
ဆရာမ ။ ။ အင်းမေးလေ သားရဲ့ ။
တပည့် ။ ။ ကန်ဘောင်ဘေးမှာ မိန်းမသုံးယောက်ရေခဲ့မုန်းစားနေတယ် သူတို့တွေထဲမှာ
၁ ယောက်က ရေခဲမုန့်ကို ကိုက်စားတယ် ... နောက် ၁ယောက်က ရေခဲမုန့်ကို အသာပဲ လျှက်နေတယ် ...နောက်
ဆုံး ၁ ယောက်က ရေခဲမုန့် ကို အားရပါးရ စုပ်နေတယ် ...အဲဒီ ၃ ယောက်ထဲမှာ ဘယ်သူက အိမ်ထောင်သည်လည်း ဆရာမ ။
ဆရာမ ။ ။ ဆရာမလည်းရှက်ရှက်နဲ့ပဲ ရေခဲမုန့်ကိုအားရပါးရစုပ်နေတဲ့သူက အိမ်ထောင်သည်ပေါ့ လို့ဆရာမကဖြေလိုက်တယ် ။
တပည့် ။ ။ ဆရာမ အဖြေကမှားတယ် ။ လက်ထပ်လက်စွတ်ဝတ်ထားတဲ့သူကအိမ်ထောင်သည်ပါဆရာမ။
တပည့် ။ ။ ဒါပေမယ့် ဆရာမ အတွေးခေါ်ကို သားကြိုက်ပါတယ် ။

စောင့်မျှော်နေသူ..ပါ

၂၁ နှစ်အရွယ်ရှိ ကလေးအမေတစ်ယောက်က ရထားစီးရင်း
သူမကလေးကို ပြောတယ် .....
သားနိုစို့နော် သားမစို့ရင်
ဘေးကဦးဦးကို စို့ခိုင်းလိုက်မယ်နော်
ကလေးကမစို့ပဲနေတယ်..
နောက်တခါ အမေကထပ်ပြောတယ်..
သားနိုစို့နော် မစို့ရင်ဘေးကဦးဦးကို စို့ခိုင်းလိုက်မှာနော်..
ဒါမေမယ့်ကလေးကမစို့ဘူးဖြစ်နေတယ်..
နောက်တခါပြောတော့ ...
ဘေးမှာရှိတဲ့ ဦးဦးကပြောလိုက်ပုံမှာ
ဒီတစ်ခါခင်ဗျားပြတ်ပြတ်သားသားပြောတော့..
ကျွန်တော် ဆင်းရမယ်ဘူတာသုံးဘူးတာကျော်လာပြီနော်...

ရန်ကုန်မြို့မင်္ဂလာဒုံလေယျာဉ်ကွင်းတွင်...............
အင်္ဂလန်သို့ပညာတော်သင်သွားရန်အတွက်အစိုးရမှလွှတ်သောမမိုမိုကို
ယောင်္ကျားဖြစ်သူကိုလှထွန်းမှလိုက်ပို့ရင်းနှုတ်ဆက်စဉ်.......

မမိုမို................."အကိုရေကလေးတွေကိုဂရုစိုက်ဦးနော်.."
ကိုလှထွန်း.........."စိတ်ချပါကွာဒါနဲ့မင်းပြန်လာရင်အင်္ဂလန်ကဘိုမတစ်ယောက်လောက်
သယ်ခဲ့ဟေ့...အဖြူမလေးတွေအရမ်းမိုက်တယ်လို့ပြောသံကြားဖူးတယ်..ဟား ဟား
ဟား....."

မမိုမိုမှာလွန်စွာအစအနောက်သန်သောယောင်္ကျားဖြစ်သူကိုလှထွန်းအား
မျက်စောင်းထိုးကြည့်ရင်းလေယျာဉ်ပျံဆီသို့ထွက်ခွာသွားခဲ့သည်.................

၅လခန့်အကြာ မမိုမိုအထုပ်အပိုးလက်ဆောင်များနှင့်ပြန်လာစဉ်....
မင်္ဂလာဒုံလေယျာဉ်ကွင်းတွင် ကိုလှထွန်းမှလာကြိုပြီး...........

မှတ်ပြီလား

ကိုလှထွန်း..........."ဟား....မိန်းမရေ..လွမ်းလိုက်တာကွာ...ကလေးတွေကလည်းသတိရနေကြတယ်
ငါကတော့ပိုပြီးသတိရတာပေါ့ကွာ..ဟီးဟီး...ဒါနဲ့ ငါမှာလိုက်တဲ့ ဘိုမလေးရော...."
မမိုမို.................."အင်း..ဘိုထီးလေးပဲဖြစ်မလား.....ဘိုမလေးပဲဖြစ်မလားတော့မသိဘူး....
ကျွန်မလဲတွေ့သမျှဘိုတွေနဲ့အစွမ်းကုန်ကြိုးစားတာပဲ...နောက်
၁၀လလောက်မှသိရမယ်ထင်တယ်.....ဟင်း.ဟင်း...အခုတော့မသိသေးဘူး..."
ကိုလှထွန်း............"အမ်..."

Spread The Love, Share Our Article

Related Posts

Post Details

1 Response to ဟာသ အတိုများ..(၇)

March 12, 2009 at 1:18 AM

်ျိျ

Post a Comment

ပြောသွားကြတယ်....