0

ဟာသ အတိုများ..(၆)

Published at 12:06 AM in

လူမှားတာ

လူငယ်တစ်ယောက်ပိုက်ဆံပြတ်သဖြင့်ရုပ်ဖျက်ပြီးတောင်းစားရန်ဆုံးဖြတ်လိုက်သည်။
ဟောင်းနွမ်းစုတ်ပြတ်သောအ၀တ်အစားကိုဝတ်ပြီးကုန်းကျော်တံတားသို့ သွားသည်။
အားလုံးမြင်သာသည့်နေရာတွင်ထိုင်ချလိုက်သည်။
ထို့ နောက်ဦးထုပ်ကိုပက်လက်အနေအထားဖြင့်မိမိရှေ့ တွင်ချကာစတောင်းရန်ပြင်သည်။
ထိုအချိန်တွင်ခပ်လှမ်းလှမ်းမှအမျိုးသမီးငယ်တစ်ယောက်လျှောက်လာသည်ကိုမြင်ရသည်။
ဈေးဦးပေါက်တော့မည်ဟုတွေးကာအားတက်သွားသည်။
သို့ သော်အနားရောက်လာတော့မှမိမိချစ်သူမှန်းသိကာခြေဖျားလက်ဖျားတွေအေးစက်သွားသည်။
ထပြေးချင်သည်။ အချိန်မရှိတော့...
အမျိုးသမီးသည်လူငယ်ရှေ့ တွင်လာရပ်ပြီးသူ့ မျက်နှာကိုသေသေချာချာစိုက်ကြည့်သည်။
ထို့ နောက်အံ့သြသံဖြင့်ပြောသည်။
.....ရှင့်ကိုကြည့်ရတာကျွန်မရဲ့ အမျိုးသားနဲ့ အရမ်းတူတာပဲ..တူတာမှချွတ်စွတ်ပါပဲရှင်.... Wo

အသံကိုထိန်းပြီးလူငယ်ပြန်ပြောသည်..
.....ခင်ဗျားလူမှားလို့ ဖြစ်ပါလိမ့်မယ်.... auu

.....ဖြစ်နိုင်ပါတယ်..ဒါပေမယ့်သေချာအောင်သူ့ အိမ်မှာရှိမရှိသွားကြည့်လိုက်ပါဦးမယ်.... huwe

အမျိုးသမီးထွက်သွားသည်နှင့်လူငယ်သည်အရင်ဦးအောင်အိမ်သို့ ပြေးသည်။
ရောက်ရောက်ချင်းကမန်းကတမ်းရေချိုးပြီးအ၀တ်အစားလဲသည်။
မကြာမီအမျိုးသမီးရောက်လာသည်။
လူငယ်ကိုတွေ့ သောအခါသံသယရှိသေးသောအသံဖြင့်ပြောသည်။

......ရှင်နဲ့ အင်မတန်တူတဲ့သူတောင်းစားတစ်ယောက်ကိုကုန်းတံတားမှာကျွန်မခုပဲတွေ့ ခဲ့တယ်ရှင့်..... Notice

......ခင်ဗျားလူမှားတာပါလို့ မင်းကိုကိုယ်ပြောပြီးပြီပဲ..... hum





"ဒါလေးပါပဲ"

လက်ထပ်ပွဲကျင်းပပြီးနောက် မိန်းကလေး၏မိဘများက သမက်ဖြစ်သူအား ဆုံးမစကား ပြောကြားလေသည်။
ဖခင်။.....။ငါတို့သမီးလေးက အရမ်းလိမ်မာတယ်....
သမက်။.....။ဟုတ်ကဲ့....
ဖခင်။.....။အပြောအဆို ချိုသာပြီး ယဉ်ကျေးသိမ်မွေ့ ပါတယ်.....
သမက်။.....။ကျွန်တော်သိပါတယ်....
ဖခင်။.....။ဒါကြောင့် ကောင်းကောင်းမွန်မွန်ပြောဆိုဆက်ဆံပါ။ ရန်ဖြစ်တာတွေ မကြားချင်ဘူး....
သမက်။.....။စိတ်ချပါခင်ဗျ...
ဖခင်။.....။တစ်ခုတော့ ကြိုတင် မှာထားချင်တယ်။ သည်းခံပါမယ်လို့လည်း ကတိပေးစေချင်တယ်...
သမက်။.....။ဟုတ်ကဲ့ပြောပါ။ ကျွန်တော် သည်းခံ ပေါင်းသင်းသွားပါမယ်လို့ ကတိပေးပါတယ်...
ဖခင်။.....။အေးကွာ။ သမီးက ညဘက်ဆို ယောင်တက်ပြီး အိမ်အပြင်ထွက် တွေ့တဲ့အိမ်ပေါ်တက်ပြီး အိပ်တက်လေ့ရှိတာလေးပါပဲ....
သမက်။.....။"ဗျာ" (ပြုံးနိုင်ပါစေ.....OVAL)



ပိုချစ်အောင်လို့
အဖေနဲ့ အမေက သူ့ကိုဆိုအရမ်းချစ်ကြတရ်… အမြဲတမ်းသူ့ကိုဦးစားပေးတရ်…သူက သားဦးကို… နောက်တော့ သူလည်းညီလေးတစ်ယောက် ထပ်ရလာပါရော.. အဲဒီအချိန်က စပြီး သူ့ကိုဂရုမစိုက်ဘူး… သူ့ရဲ့ညီလေးကိုဘဲ အလေးပေးတော့တရ်… တနေ့ညမှာ သူညီနို့စို့နေတာကို မြင်ပြီး အကြံရသွားတရ်… ညကျတော့ ကြွက်သတ်ဆေးရည်တွေကို သူ့အမေအိပ်ပျော်နေတုန်း သူ့အမေရဲ့ နို့ကို သွားပက်ထားလိုက်တရ်… အဲ… မနက်လည်းရောက်ရော သူ့အဖေက ကုတင်ပေါ်မှာတင် သေသွားရောဗျာ.


ဥာဏ်ကြီးရှင်

လေးနှစ်သားကိုတိုး နှင့် ခြောက်နှစ်သားကိုဖြိုးတို့ မျောက်ညီနောင် သူတို့ အဘွားအိမ်သို့ အလည် ရောက်နေသည်။
ညအိပ် ချိန်တွင် မျောက်ညီနောင်အား အဘွားမှ ဘုရားရှိခိုး ခိုင်းဧ။်၊ ဘုရားရှိခိုးပြီးသောအခါ
ကိုတိုး ။ ။ စက်ဘီးတစ်စီးနဲ့ ဂိမ်းစက် တစ်လုံး ရ ရိုရပါလိုဧ။် ဘုရား (ကျယ်လောင်စွာဆုတောင်းလေသည် )။
ကိုဖြိုး။ ။ ဟေ့ကောင် ဘာလို့ အကျယ်ကြီးဆုတောင်းနေတာတုန်းကွ ၊ ဘုရား က နား မလေး ပါဘူး။
ကိုတိုး။ ။ အင်း ဘုရား က တော့ နားမလေးပါဘူး ၊
ဒါပေမယ့် အဘွားကတော့ နားလေးတယ်ဟ ။



နောက်မသွားတော့ဘူးနော်

ချစ်စခင်စ ကြင်နာစ ဇနီးမောင်နှံ နှစ်ယောက်ကနေ သားသမီးတွေ ပွားစီးလာတဲ့ အချိန်မှာ ဘယ်လိုဖြစ်သလဲ ဆိုတာကို
ရေးချင်တာ...........
ညားကာစကတော့ မျက်စိအောက်က ပျောက်မသွားနဲ့ဦး တနေ့ကုန်ထိုင်ပြီး တစိမ့်စိမ့်ကြည့်နေတဲ့ မောင်ယောက်ျား.....
သူနားက တဖ၀ါးမှမခွာလို့ ချစ်တက်လိုက်တာလို့ ထင်ထားတဲ့ မမိန်းမ..... ကာလတွေ ရွေ့လျားလာတော့ ကလေးတစ်
ယောက်ပွားစည်းလာတယ် ...
အခေါ်အဝေါ်လေးကလဲ ပြောင်းလာတယ် မောင်ယောက်ျားက မမိန်းမ ကို ကလေးတစ်ယောက်အမေ လို့ခေါ်သတဲ့ လေ
အရင် ကအလုပ်ကိစ္စကလွဲလို့ သူ့အနားမှာပဲ အချိန်ပေးတဲ့ မောင်ယောက်ျား ဟာ ခုဆိုညနေစောင်းလာရင် လမ်းလျှောက်
ထွက်တက်လာတယ်... သွားခါနီးရင်လဲ ကဲ ကို အပြင်သွားလိုက်ဦးမယ် ကလေးတစ်ယောက်အမေရေ.....ဆိုပြီး လစ်ရော
မမိန်းမက ပြုံးပြုံးလေး ကြည့်လို့ ကျန်ခဲ့တာပေါ့ ... သကောင့်သားက KTV , တို့ ဘာတို့ သွားပြီ ရေလည်လန်းနေတာပေါ့
အဲဒီလို သွားတာလဲ ခဏခဏပဲလေ သွားတိုင်းလဲ သွားလိုက်ဦးမယ် ကလေးတစ်ယောက်အမေရေ.....ဆိုပြီး လစ်တာပေါ့
ဒီလိုနဲ့ တစ်ယောက်ကနေ နှစ်ယောက် ... နှစ်ယောက်ရလားတော့ သက်ပြင်းလေးတောင်ချလိုက်သေးတယ် ဟင်း.......
သွားလိုက်ဦးမယ် ကလေးနှစ်ယောက်အမေရေ.....ဆိုပြီး လစ်တယ်လေ မမိန်းမက ပြုံးတာကလဲ ပညာပါလာပြီဗျ .......
ငါးသလဲထိုး ငါးမြွေထိုးပြုံးလေးတွေ ပေါ့ .....
အဲ့ သုံးယောက်မြောက်မွေးတော့ ထုံးစံအတိုင်း ကလေး လေးလမပြည့်ခင်အထိ မိန်းမနား ကပ်သေးတယ် ...လေးလလဲ
ပြည့်ရော ထုံးစံအတိုင်း သွားလိုက်ဦးမယ် ကလေးသုံးယောက်အမေရေ.....ဆိုပြီး လစ်မလို့ ခြေလှမ်းနေတုန်း မမိန်းမ
က ပြုံးပြုံးလေးနဲ့ ပြန်ပြောလိုက်တဲ့ စကားကြောင့် နောက်သူအပြင်ကို မသွားတော့ဘူးတဲ့ ......................................
ပြောလိုက်တာက

သွားပေဦးတော့ ကလေးနှစ်ယောက်အဖေရေတဲ့



"၀မ်းနည်းဝမ်းသာ"
ခရီးသည်တင်လေယာဉ်ကြီး တစ်ဆင်းပေါ်တွင် လေယာဉ်မယ်က ခရီးသည်များအား သတိပေးစကားပြောလေသည်။
လေယာဉ်မယ်။…။ကျေးဇူးပြုပြီး နားဆင်ကြပါရှင့်။
ခရီးသည်များ။…..။အားလုံးတိတ်ဆိတ်သွားပြီး လေယာဉ်မယ်ကို လှမ်းကြည့်လိုက်သည်။
လေယာဉ်မယ်။….။ဝမ်းသာစရာစကားနှစ်ခွန်း နှင့် ၀မ်းနည်းစရာစကားတစ်ခွန်း ပြောကြားခွင့်ပြုပါ။
ခရီးသည်များ။…...။ဆက်လက်နားထောင်နေကြသည်။
လေယာဉ်မယ်။…..။ဝမ်းသာစရာစကားကတော့ ပထမအချက်အနေနဲ့ အခုခရီးစဉ် လေယာဉ်ခများကို အခမဲ့ဆီးနင်းခွင့် ပြုမှာမို့ ငွေများ ပြန်ထုတ်ဖို့ပါပဲ။
ခရီးသည်များ။……။"ဟေး" Good ဟုအော်ကာ ၀မ်းသာသွားကြသည်။
လေယာဉ်မယ်။…...။နောက်ထပ်ဝမ်းသာစရာတချက်ကတော့ ခရီးသည်တစ်ဦးကို ဒေါ်လာငွေ ၅၀၀၀ ဆီအပိုထပ်ဆောင်းပေးမှာ ဖြစ်ပါတယ်။
ခရီးသည်များ။……..။"ဟေး" Good ဟုထပ်အော်လိုက်ကြပြန်သည်။
လေယာဉ်မယ်။…….။ဝမ်းနည်းစရာ အရာတစ်ခုကတော့ ကျွှန်မတို့လေယာဉ် စက်ချွတ်ယွင်းပြီး မြေပြင်ကို ထိုးကျနေပီဆိုတဲ့ စကားပါပဲ ရှင်။
ခရီးသည်များ။……...။"ဟင်" ngo Cheesy Cheesy Cheesy Cheesy

သတင်းခေါင်းစဉ်
၁။ မျဉ်းဝါမှတစ်ဆင့် လမ်းဖြတ်ကူးသူများ ဖိနပ်စီး၍ လမ်းလျောက်လျက်ရှိ၊
၂။ AIDS ရောဂါကို လူတိုင်းကြောက်ရွံ့၊
၃။ တရားသူကြီးများ တရားစီရင်ရေးကိစ္စဆွေးနွေး၊
၎။ နှာခေါင်းတွင် အပေါက်နှစ်ပေါက်မပါပါက လူများအသက်ရှုရာတွင်
အခက်အခဲတွေ့နိုင်ဟု သိပ္ပံပညာရှင်များဆို၊
၅။ အခိုးခံရသော ပန်းချီကားများ ပျောက်ဆုံးလျှက်ရှိ၊
၆။ ကျောင်းသားတစ်ဦး ကျောင်းကားပေါ်တွင် ကျောင်းသားများနှင့် စာအကြောင်းဆွေးနွေး၊
၇။ နားမကြားသူများ နားကြားကိရိယာအသုံးမပြုပါက နားကြားရမည်မဟုတ်ဟု
ကျွမ်းကျင်သူများပြောကြား၊
၈။ ခရီးသည်တင်ကားများတွင် ထိုင်ခုံမရပါက မတ်တတ်စီး၍ လိုက်ပါနိုင်၊
၉။ မဆင်မခြင်သောက်သုံးမှုကြောင့် အရက်သမားတစ်ဦး အမူးလွန်၊
၁၀။ ရထားစီးစဉ် ပြတင်းပေါက်များဖွင့်ထားပါကလေကောင်းလေသန့်ရနိုင်၊ !!!!!!!!!!!!!

Spread The Love, Share Our Article

Related Posts

Post Details

No Response to "ဟာသ အတိုများ..(၆)"

Post a Comment

ပြောသွားကြတယ်....