အယူခံ

Published at 2:24 AM in

ခံစားမှုနဲ့ ပုံဖော်ထားတဲ့
ရင်ထဲကဒီကဗျာဟာ.....
မင်းကြောင့်ထုဆစ်ခဲ့ရတယ်ဆိုရင်
ယုံမလားဟင်....?
ဒါတွေဟာ
အလွမ်းရဲ့ပြယုဂ်မဟုတ်ခဲ့ရင်တောင်
တမ်းတခြင်းရဲ့ နိဒါန်း....
ဖြစ်ခွင့်ပြုပါ.....သင်
ဒီနေရာလေးက ဖြတ်လျှောက်သွားရင်
ဟိုးတုန်းက..
သင့်..အရိပ်တွေနဲ့ စီးမျောနေတဲ
ဗလာရင်ခွင်တစုံရဲ့ အိမ်ပြန်ချိန်တွေက
ဝေဝါးနေလို့....
ယုံစားခဲ့တဲ့နေ့သစ်တွေက
မျက်ရည်တွေလည်းမပျော့ပျောင်းခဲ့ဘူး
သံစဉ်တွေမာကြောလို့
မပြီးဆုံးတဲ့အချစ်သီချင်းတွေနဲ့
ငိုရှိုက်နေတဲ့ နှလုံးအိမ်ထဲက
သင်...ဝင်လှမ်းခြင်းမရှိခဲ့တဲ့
အထီးကျန်နေ့စွဲတွေ...
ငါ့အတွက်တော့
မနက်ဖြန်တွေကိုတောင်
အလွမ်းတွေအတွက်
ကတိမပေးနိုင်တော့ဘူးလေ......
သင်..မှေးစက်နေတဲ့
ရင်ခွင်တခုရဲ့အကြင်နာတွေ
အိုဟောင်းခဲ့ရင် နားခိုစရာ
နေရာတခုလည်း သံချည်းတွေအထပ်ထပ်ပေါ့...
အကျဉ်းကျခံထားရတဲ့
မျှော်လင့်ခြင်းတွေအတွက်
ပျိုပျစ်ခြင်းတွေ ကူးခတ်နေပေမယ့်
တုန့်ပြန်ခြင်းတွေက တံခါးပိတ်ထားဆဲလေ...
ဒီလိုနဲ့ပဲ
ငါလေကဗျာတွေရေးနေတယ်
ဒါပေမယ့်
ကာရံတွေခြောက်ကပ်လို့

ရောက်တတ်ရာရာရယ်ပေါ့........။

ငရဲမီး

Spread The Love, Share Our Article

Related Posts

Post Details