0

အမုန်းခံဘဝ

Published at 8:24 PM in

ဟော ကြည့်ပါဦးဗျာ
အခန်းထောင့်က ပင့်ကူနက်ကြီး
သူ ရဲ့ နှလုံးသား အစာအဟာရအတွက်
ဦးနှောက်တွေကို အရှင်လတ်လတ်ဖေါက်စားနေသလို
ကမ္ဘာကြီးဘယ်ဘက် လည်နေသလဲဆိုတာထက်
ဟစ်တလာရဲ့ အိမ်မက်တွေကို
ပိုပြိး စိတ်ဝင်စားခဲ့ကြတဲ့ ပတ်ဝန်းကျင်ကြီးပါ။
သိမ်ငယ်စိတ်တွေနဲ့ ပုန်းလျှိုးနေသူကို
မကြောက် ကြောက်အောင် ခြိမ်းခြောက်တက်တဲ့ ပတ်ဝန်းကျင်ကြီးပါ။
အမုန်းဒဏ်ကို အလူးအလဲခါးစီးခံနေရသူရှေ့မှာ
အားရပါးရ လှချင်တိုင်းလှ ချစ်ချင်တိုင်ချစ်ပြနေကြတဲ့ ပတ်ဝန်းကျင်ကြီးပါ။
ရှုံးသင့်လို့ ရှုူံး ၊ ဆုံးသင့်လို့ ဆုံးခဲ့တာဆိုရင်
နှုတ်ဆိတ်နေယုံပေါ့၊
ခုတော့ အမုန်းတစ်ပွင့်ကြောင့် ပင်လုံးပျောက် ခဲ့ရပြန်ပြီ..။
ရှိစတော့ ငါ့ကိုယ် ငါ ပျိုး ဒီမြေဇာမျိုးမှာ
အဘယ်အမုန်းပင်မျှ မရှင်သန်စေရ
နောင် အခါ ဒီကမ္ဘာမှာ
မုန်းရန် မုန်းကြွင်း မုန်းရိပ်ကင်း၍ လင်းမည်ဆိုလျင်
ငါ အသက်ရုပ်ကြွင်းတို့ဖြင့် နေရာမလပ်အောင်
အကြိမ်ကြိမ် အခါခါ မွမ်းမံခွင့်ပေးပါအံ့..။

Spread The Love, Share Our Article

Related Posts

Post Details

No Response to "အမုန်းခံဘ၀"

Post a Comment

ပြောသွားကြတယ်....