1

ငါ တို့ အတူတူစီးဆင်းလိုက်ကြရအောင်။

Published at 1:03 AM in ,






ကောင်းကင်က မိုးစက်တွေ ခြွေအချ ခပ်ဖွဖွပေမယ့်
အသံသဲ့သဲ့ ကြားလိုက်တယ် .......................မင်း ဘယ်ရောက်နေလည်း သူငယ်ချင်း။
ရေပြင်နဲ့ မိုးစက်တို့ အကြား မင်း ဖန်းတီးလိုက်တဲ့ လှိုင်းဂရက်တွေ
ွ ငါ ဆီကိုရောက်ရောက်လာတယ်............... မင်း အဆင်ပြေရဲ့လား သူငယ်ချင်း။
.......................မှတ်မိနေသေးတယ်ကွာ
........................ငါတို့ ဘ၀ ရေယဉ်ကြော ရောက်လိုဇောတွေနဲ့
........................ဘယ်သူ့ကို အပြစ်ပြောမလဲ
........................ဟို တစ်ယောက် ဒီတစ်ယောက်
........................ဟို တစ်ပေါက် ဒီတစ်ပေါက်နဲ့
........................ခွင့်ရက်တွေမဆုံသ၍တော့ လွမ်းနေယုံပေါ့ကွာ...။

တခါတလေပြန်ရချင်မိတဲ့ ဟိုးတနေ့အခါက ငယ်ဘ၀တွေ
နှောင်းပြန်မရတော့မယ့် ကျောင်းနေရစ်တုန်းက ဘ၀တွေ
ပြောမယုံကြုံမှ ပြလို့ရမယ့် သိပ်ချစ်ကြတဲ့ ငါတို့ သူငယ်ချင်းတွေ
ဘယ်တွေရောက်ရောက် ဘယ်မှနေနေ
ဒီဘ၀ အမောတွေကြား
ငါ တစ်ယောက်တည်း
ခပ်သောသောလေးတောင် မရယ်ဖြစ်တော့လို့
ပြန်ဆုံမဲ့ တစ်နေ့ အတွက်
ကဲ ..........လာ သူငယ်ချင်း
ငါ တို့ အတူတူစီးဆင်းလိုက်ကြရအောင်။


သူငယ်ချင်းအားလုံးသို့ သတိရလျက်။

Spread The Love, Share Our Article

Related Posts

Post Details

1 Response to ငါ တို့ အတူတူစီးဆင်းလိုက်ကြရအောင်။

September 9, 2009 at 3:30 AM

စီးဆင်းကြမယ်လေ..ငါတို့ အိမ်ပြန်တဲ့ တနေ့ပေါ့..

Post a Comment

ပြောသွားကြတယ်....