ဝန်ခံချက်တခုနဲ့ကောင်းကင်

Published at 2:27 PM in


အမှောင်ဆုံးညနေခင်းရဲ့ အဖော်မဲ့အိမ်ပြန်ချိန်တွေမှာ မင်းရဲ့ အနားမှာ... ရှိနေချင်ခဲ့မိတာ ဆန္ဒတခုပါ....
ရိုးသားစွာဖွင့်ဆိုထားတဲ့
ငါ့ စာမျက်နှာတိုင်းမှာ
မြတ်နိုးမှုတွေအတွက်
စကားလုံးတွေအဖြစ် ဖော်ဆောင်မရသေးပေမယ့်
အဝေးတနေရာက
ဝေဒနာတစုံနဲ့မျှော်လင့်ခြင်းတွေ
အချစ်တစ်ခုတည်းနဲ့ထုပ်ပိုးထားခဲ့တဲ့
ငါ့ ရင်ဘတ်ထဲက
ခေါ်သံတွေကိုမင်းကြားနိုင်ပါ့မလား....?
ငါ့မှာတော့...
မင်းအရိပ်တွေကြောင့်
မနက်ခင်းတွေလည်း ကကြိုးပျက်ကြရတယ်
မျက်ဝန်းတွေပြုစားပြန်တော့
ဒီရင်ခုန်သံတွေနေရာမှားကြရပေါ့
မင်းအပြုံးတွေခိုးခိုးသွားလို့
အသက်ကိုတောင်တဝက်ပဲ
ရူရခဲ့တာ ကြာပြီလေ.....

ဆေးစက်တွေဖိတ်ကြလို့ ထုတ်လှန်းခဲ့တဲ့ကောင်းကင်ကြီးရယ် ကြယ်တွေကြွေတဲ့ညက လမင်းရဲ့ငိုသံကို နမ်းရှိုက်လှည့်ပါ.....
ငါ့အတွက်တော့
မနက်ဖြန်မှာဒီနေ့ထက်ပိုပြီး
မင်းကို နှစ်သက်ဖို့
ဖြစ်လာအုံးမယ်....
ပြည့်လျှံနေတဲ့သတိရခြင်းတွေက
မရပ်တန့်နိုင်ဘူး..
အထီးကျန်ညတွေ လောင်မြိုက်နေခဲ့တော့ အိပ်မက်တွေတောင် ထ ထ ငိုတတ်နေပြီ...

လေပြေရေ...
ကမ်းနဲ့ဝေးရမှာကြောင့်
ငါ့ ပင်လယ်ကြီး
ဒရွတ်တိုက်ဆွဲခေါ်ခဲ့တယ်
ဒါပေမယ့်
ရပ်စောင့်မိသူတစ်ယောက်ကတော့
..................................................

ငရဲမီး

Spread The Love, Share Our Article

Related Posts

Post Details