0

တေတေ အတွက်

Published at 2:29 AM in

သူငယ်ချင်းရေ....
မင်းရဲ့
မပိတ်ပဲထားခဲ့တဲ့ စာမျက်နှာတွေထဲ
အကြိမ်ကြိမ် ချရေးခဲ့တဲ့
စိတ်ကူးအကြမ်းထည်တွေ
မဆုပ်ကိုင်နိုင်သေးတဲ့
အိပ်မက်အပိုင်းအစလေးတွေ
ရုပ်လုံးပေါ်အောင် ထုဆစ်နိုင်ပါစေ
......................................
ဘဝရဲ့ နေဝင်နေထွက်
ရာသီတွေထဲ..........
မနက်ဖြန်တိုင်းဟာ မင်းအတွက်...
ပျော်ရွှင်မှုတွေနဲ့အတူ
မွေးဖွား နိုင်ပါစေ
......................................


ငရဲမီး

0

စာမျက်နှာ ၂၃

Published at 3:47 PM in

မင်းရှိတဲ့..အရပ်
ခါးသက်သက်ညနေခင်းတွေနဲ့အတူ
ပြန်မလာတော့ဘူး..
အလွမ်းတွေနဲ့
ငါရှိနေဆဲပါ...................
ရင်ဘတ်အပြဲနဲ့ မင်းမရှိလည်း
နေပျော်သွားပြီ
နာကျင်ဖို့တော့ မယုယတော့ဘူး
မင်းစကားတွေနဲ့ထိုးနှက်ခံရဖို့ထက်
ငါ့ကိုယ်ငါလည်း
မလှည့်စားတော့ဘူး...........


ငရဲမီး

1

ဇူလိုင် ......အလွမ်း...။

Published at 8:59 PM in


ချစ်သူ့ အပြုံးနဲ့ မျက်ဝန်း၊
တီတီတာတာ သူ့စကားသံတွေက
ဇူလိုင်လလည် မိုးရယ်ပါ
ညို့မှိုင်း၍ အေးသည်
လျှပ်ပန်းတို့ဖြင့် ၀င်းသည်
နေ့ရက်ဟောင်းနဲ့
ပွင့်ခဲ့ ဖူးတဲ့ ၀ါဆိုပန်းတို့ရေ
တစိမ့်စိမ့်တွေး လျှင်ဖြင့်
တမြေ့မြေ့ကျွမ်း ရပါပေမည်
တမ်းတစ်ခါ ဆွေးတစ်လှည့်
မငိုနဲ့ မငိုနဲ့လို့
မိုးဦးလေညှင်းသို့ နှယ်
ကိုယ်မာန် ကိုယ်တင်း
ခြေစုံ ဆင်းလျက်
တသက်စာ အလွမ်း
ခဏတာ အတွင်း ကုန်အောင်
ဇွတ် လွမ်းနေရ လေတော့သည်။

(DeepCorner)

1

နောက်ဆုံးချိန်ထိ............

Published at 2:37 AM in


စိန်ခေါ်ပြီးမှ၊ ထွက်ပြေးတာမျိုးလို
ခဏခဏ၊ သွေးတိုးမစမ်းပါနဲ့
ကြိုတောင်းပန် ထားခဲ့သော်လည်း
တဇွတ်တိုး နှလုံးသားအတွက်
အုပ်ထိမ်းသူ မဲ့ခဲ့ရ၏

ယ္ခု....အခါ
ချစ်ခြင်းတို့ မွေးဖွားခဲ့ဖူးသော အရပ်သည်
မီးခဲပြာဖုံးသည့် ပမာ
မှောင်မိုက်၍ အေးစက်နေသယောင်ရှိ၏
တစက်စက်ကျသော
စစ်သလင်ပြင်ကွင်းလယ်က ငါ့ နှလုံးသွေးတို့သည်
သက်ဆိုင်သူတို့ အတွက်
အိမ်မက်ဆိုးအဖြစ် ရေးမှတ်ကြကုန်မည်ကို စိုး၏

ကဲ.......အမိ .
ချစ်လွယ်ခဲ့သူ၊ ငါသည်လည်း
အမိ လာရာမှန်း
နောင်တမဲ့ ကမ်း၊ ခြေတစ်လှမ်းမရွေ့
နေ့တစ်ရက်၊ သွေးတစ်စက်မျှော
သေငယ်ဇောဖြင့်၊ ကျားကန်၍ မျော်လျက်သာနေ၏......။


(DeepCorner)