Showing posts with label စကားပြေများ.... Show all posts
Showing posts with label စကားပြေများ.... Show all posts
1

ငါ တို့ အတူတူစီးဆင်းလိုက်ကြရအောင်။

Published at 1:03 AM in ,






ကောင်းကင်က မိုးစက်တွေ ခြွေအချ ခပ်ဖွဖွပေမယ့်
အသံသဲ့သဲ့ ကြားလိုက်တယ် .......................မင်း ဘယ်ရောက်နေလည်း သူငယ်ချင်း။
ရေပြင်နဲ့ မိုးစက်တို့ အကြား မင်း ဖန်းတီးလိုက်တဲ့ လှိုင်းဂရက်တွေ
ွ ငါ ဆီကိုရောက်ရောက်လာတယ်............... မင်း အဆင်ပြေရဲ့လား သူငယ်ချင်း။
.......................မှတ်မိနေသေးတယ်ကွာ
........................ငါတို့ ဘ၀ ရေယဉ်ကြော ရောက်လိုဇောတွေနဲ့
........................ဘယ်သူ့ကို အပြစ်ပြောမလဲ
........................ဟို တစ်ယောက် ဒီတစ်ယောက်
........................ဟို တစ်ပေါက် ဒီတစ်ပေါက်နဲ့
........................ခွင့်ရက်တွေမဆုံသ၍တော့ လွမ်းနေယုံပေါ့ကွာ...။

တခါတလေပြန်ရချင်မိတဲ့ ဟိုးတနေ့အခါက ငယ်ဘ၀တွေ
နှောင်းပြန်မရတော့မယ့် ကျောင်းနေရစ်တုန်းက ဘ၀တွေ
ပြောမယုံကြုံမှ ပြလို့ရမယ့် သိပ်ချစ်ကြတဲ့ ငါတို့ သူငယ်ချင်းတွေ
ဘယ်တွေရောက်ရောက် ဘယ်မှနေနေ
ဒီဘ၀ အမောတွေကြား
ငါ တစ်ယောက်တည်း
ခပ်သောသောလေးတောင် မရယ်ဖြစ်တော့လို့
ပြန်ဆုံမဲ့ တစ်နေ့ အတွက်
ကဲ ..........လာ သူငယ်ချင်း
ငါ တို့ အတူတူစီးဆင်းလိုက်ကြရအောင်။


သူငယ်ချင်းအားလုံးသို့ သတိရလျက်။

0

ငါ ပြန်မလာနိုင်ခဲ့ဘူး

Published at 1:29 AM in

ဟိုတစ်နေ့က ငါ နင့်ကိုသေချာကြည့်ပြီး ပြုံးပြခဲ့တယ်
နင်မြင်မယ်လို့ ထင်ခဲ့ပေမယ့် မမြင်ခဲ့ဘူး
"ငါ့နင့်ကို ချစ်တယ်" လို့ပြောပြီး နင်ဘာပြန်ပြောမလဲ ငါစောင့်နေခဲ့တယ်
နင်ကြားမယ်လို့ ထင်ခဲ့ပေမယ့်၊ နင်မကြားခဲ့ဘူး
ငါ့နဲ့အတူ ဆော့ကစားဖို့ နင့်ကိုခေါ်ခဲ့ဖူးတယ်
နင်လိုက်လာမယ် ထင်ခဲ့ပေမယ့်၊ နင်ကတော့ ပါမလာခဲ့ဘူး
နင်တစ်ယောက်ထဲအတွက်ပဲ ငါပန်ချီကားတစ်ချပ် ဆွဲပေးခဲ့ဖူးတယ်
နင်မြတ်မြတ်နိုးနိုး သိမ်းထားမယ်လို့ ထင်ခဲ့ပေမယ့်၊ နင်မလုပ်ခဲ့ဘူး
တောအုပ်က အပြန်မှာ နားနေဖို့ ခံတပ်တစ်ခု ငါဆောက်ခဲ့တယ်
နင် ငါနဲ့အတူ စခန်းချနေမယ် ထင်ခဲ့ပေမယ့်၊ နင်မနေခဲ့ဘူး
ငါတို့ငါးမျှားထွက်ရင် အသုံးပြုဖို့ တီကောင်တွေ ငါရှာဖွေခဲ့တယ်
ငါနဲ့အတူ နင်လိုက်ချင်မယ် ထင်ခဲ့ပေမယ့်၊ နင်မလိုက်ခဲ့ဘူး

ငါ့ရဲ့အတွေးတွေကို နင့်ကိုပြောပြပြီး ငါနဲ့အတူ နင့်ကိုမျှဝေခံစားစေချင်ခဲ့တယ်
နင်နားထောင်ချင်မယ် ထင်ခဲ့ပေမယ့်၊ နင်နားမထောင်ခဲ့ဘူး
နင်သေချာပေါက်ကြိုက်ပြီး နင်လည်းရှိနေလိမ့်မယ်လို့ထင်တဲ့
ကစားပွဲတစ်ခုအကြောာင်း ငါပြောခဲ့တယ်
နင်လာမယ်ထင်ခဲ့ပေမယ့်၊ မလာခဲ့ဘူး
ငါ့ရဲ့ ငယ်ရွယ်နုပျိုချိန်တွေကို နင်နဲ့အတူ ကုန်ဆုံးချင်ခဲ့ဖူးတယ်
ဒါပေမယ့် နင်ကတော့ ငါထင်သလိုဖြစ်မလာခဲ့ဘူး
နောက်ဆုံး......
တိုင်းပြည်အတွက် ငါစစ်ထွက်တဲ့အခါ၊ ငါ့ကိုအိမ်ဆက်ဆက်ပြန်ခဲ့ဖို့ နင်ပြောခဲ့တယ်
ဒါပေမယ့် ငါပြန်မလာနိုင်ခဲ့ဘူး၊